ဒဏ်ရာ
သတိရနေရုံပဲ ငါတတ်နိုင်တယ်... ကျန်တာတွေကတော့ ကံကြမ္မာအတိုင်းပေါ့ စကားတွေအများကြီး ပြောဖြစ်ပေမယ့် တစ်ယောက်နှလုံးသားကိုတစ်ယောက် အပြန်လှန် ရှာဖွေဖို့ပျက်ကွက်ခဲ့တယ်။ ချဉ်းကပ်လမ်းအလွဲမှာ ဝေးလွင့်အဆုံးသတ် စစ်ပွဲတွေရပ်တံ့သွားရင်တောင် ရန်ညှိုးတွေ တဖြတ်ဖြတ်လွင့်နေဦးမှာ ဘဝကိုမုန်းခဲ့တယ် ပွဲတော်နဲ့ မသက်ဆိုင်တဲ့ အကြွေစေ့လေးလို . . ကိုယ့်သဘောနဲ့ကိုယ် မရွေ့နိုင်တဲ့ သစ်ရွက်အသေလေးလို . . . အလင်းကို မတို့ထိဝံ့တဲ့ အမှောင် ကျင့်သားရမျက်ဝန်းတွေလို . . . ဖြစ်စဉ်က ဇာတ်ညွှန်းကိုဖြိုခွဲ သွားပြီးနောက်. . . ငါ့ရဲ့ အလင်းမဲ့ လောင်ကျွမ်းခြင်းကို ကြယ်တွေရှုံးနိမ့်သွားပြီ . . . . .။