သူ့ကို . . .
အခန်းထဲ အပြည့် အသဲကွဲသီချင်း . . . စွန့်လွှတ် ဆုံးရှုံး .. အစချီ ရှိရှိသမျှ လမ်းခွဲစကားလုံးတွေနဲ့ မသက်ဆိုင် ငါမပိုင်ဆိုင်ခြင်း တစ်ခုတည်းကိုပဲ ငါပိုင်ဆိုင်နေရတာ ပြန်ဝမ်းနည်း ကြေကွဲရုံသက်သက် . . ။ ရီဝေေ၀ အကြည့်တွေမမေ့ခဲ့ဘူး မင်း သိပ်မူးနေပြီလား အချစ် . . တကယ်က ကိုယ်မမေးမိဘူး . . .။ သူ့ထွက်သက်ကလေးကို ရှိုက်သွင်းကျေနပ် ဇာတ်လမ်းတလျှောက် ငါအစွဲလန်းဆုံးကို ငါမသိ . .မသိခြင်းကိုတောင် အဓိပ္ပါယ်ဖွင့်ဖို့ ငါမသိခဲ့။ သိပ်နွေးထွေးတဲ့ စာမျက်နှာ သူ့ကို စိမ့်စိမ့်ဖတ်ရှုကျေနပ်ရတာက၊ တဖက်သတ်တဲ့ . . သည်လိုပဲ ငါကျေနပ်နေလိုက်တော့တယ်။