နံနက်ခင်း
သိစိတ်မတိုင်ခင် ဒဏ်ရာ က အရင်နိုးနှင့်တယ်။ ကုန်ဆုံးသွားတဲ့ မနေ့က ဟာ မနက်ဖြန်မှာကြိုစောင့် နေဦးမှာပဲ။ ကြည့်မှန်ထဲ မြင်နေရတဲ့အပြုံးမှာလည်း အမုန်းတွေနဲ့ခါးသက်နေဆဲ။ စစ်ပွဲသွားဖို့ မရှိတဲ့အတွက် မြှားတွေကို သတိမထားမိခဲ့တဲ့ အားနည်းချက်ပဲကွယ် အခုတော့ စစ်ရှုံးသွားတဲ့အတွက် မြင်းခွာတွေကိုပဲ အပြစ်ဖို့လိုက်ရသတဲ့။ ညက ကုန်ဆုံးသွားပေမယ့် အမှောင်က အဆုံးမသတ်တဲ့ ပြဿနာတစ်ခုရှိနေတယ် . . . ဒီမှာ။