Posts

Showing posts from 2016

ကျိန်စာ

 သိလျက်​နဲ့ တကွက်​ချင်​း​ရွေ့​နေရတဲ့ နယ်​ရုပ်​က​လေး​ရေ မင်​းက ယုံ​နေတုံးလား ဘဝတခုလုံးပစ်​ထည်​့​လောင်​ကျွမ်​း​ပေးတာနဲ့ မီးသင်​့ငှက်​​တွေလို အသစ်​တဖန်​ပြန်​သစ်​မယ်​ မင်​း ထင်​​နေ​သေးတယ်​ မဟုတ်လား ကစားပွဲကအချိန်​မ​လောက်​​တော့ဘူး ဆွဲ​ဆောင်မ​ှု​တွေ​နောက်​လိုက်​ရင်​းက့ မှီမလို လိုနဲ့ တန်​ဖိုးတက်​သွား အချစ်​ဟာ အချစ်​မဟုတ်​​တော့ချိန်​မှာ ငါတို့အားလုံး အဆိပ်​ကို မြိန်​ယှက်​စွာနဲ့ အိပ်​မက်​ အ​သေ​တွေမက်​ပြီး ရင်​ခုန်​​နေတဲ့ ရုပ်​အ​လောင်​း​တွေဖြစ်​လာသတဲ့။ ပါဝင်သူ​တွေ ကွယ်လွန်​ပြီးလဲ ပုံပြင်​ဟာရှင်​သန်​​နေဆဲ

လက်ရှိရည်းစားဖတ်ဖို့ အချစ်ကဗျာ

 ပြောင်းလဲချိန်တန်ပြီတဲ့ အချစ် ပြောကြည့် မင်း အဆင်သင့်ဖြစ်ရဲ့လား ဆရာဝန်ကြီးလား စစ်ဗိုလ်ကြီးလား ဆိုရှယ်လစ်ခေတ်တုံး မင်းသားတွေဆိုပေမယ့် ကြည့်ရတာ သူတို့အတွက်လည်း ခေတ်ကောင်း ဟုတ်ပုံမရဘူး ထားလိုက်တော့ မင်းဘာဖြစ်ချင်လဲ ကိုယ် မမေးလို။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားလျှက် မင်းက ခွဲထွက်မှာလား Viber က ပစ်မယ် messenger က ပစ်မယ် MPT နဲ့ ရန်ဖြစ်မယ် OOREDOO နဲ့ ပြန်ချစ်မယ် TELENOR နဲ့ ထပ်ပြီး ရစ်မယ် စစ်ပွဲကြာငြောင်းလေလေ လက်နက်ကုန်သည်လို Operator တွေ ကောင်းစားလေလေ ပိုင်ဆိုင်မှုရောင်းချပြီး ဦးအောင်မင်းလိုများ တစ်ယောက်ယောက်က  ငြိမ်းချမ်းရေးကိုယ်စားလှယ်လုပ်ပေးမလား ဆုတောင်းဖူးတယ်။ အချစ် အနာဂတ်ခေါင်းစဉ်အောက်မှာ ကိုယ် အလုပ်သိပ်များတယ် သတင်းသမားတွေလို မနက်ဖြန်ကိစ္စ အခုသိချင်တာလား ခဏလေးစောင့်ပါဦးလား ဝန်ကြီးချုပ် နေရာထက် လူထုလက်ခံဖို့ လိုတာ မျက်ကွယ်ပြုရင်း တောကြောင်တွေ အလိုကျ ဒေါက်တာအေးမောင်လို စိတ်ကောက်ချင်ယောက်ဆောင်ပြီး တစင်ထောင်နေရပြန်တာလား ခဏလေးပါကွာ . . . ရှစ်ပြည်နယ် ဖက်ဒရယ် ဘယ်ခေါင်းစဉ်နဲ့လာလာ လူ့အခွင့်အရေး ဒီမိုကရေစီ ဘာပဲဖြစ်ဖြစ်။ အုပ်ချုပ်သူတွေက မြောက်ကိုရီးယားကို အားကျပြီး ပြည်သူတွေက စင်္ကာပူ...

နယ်နမိတ်များ

 လွမ်းတယ် ဒါပဲ ဖွဲ့နွဲ့နေရင် ဖြစ်စဉ်ကို ဖော်ပြနိုင်ဖို့ခက်ခဲ ပြန်မလှည့်မိအောင် ထိန်းထားတဲ့ သူ့ စိတ်နဲ့ ပြေးမလိုက်မိအောင် ထိန်းထားတဲ့ ကိုယ့်ကိုယ် တို့ အပြန်အလှန်နားလည်မှုရ ပင်အိုလို လဲပြိုကျန်ရစ်တဲ့ ကိုယ့်စိတ်နဲ့ ရွက်ကြွေလို လွင့်သွားတဲ့ သူ့ကိုယ်တို့ အပြန်အလှန် အပြစ်တင်ပြောဆိုနေကြ ကိုယ်တို့ ခွဲနေရဆဲ။