ကျိန်စာ
သိလျက်နဲ့ တကွက်ချင်းရွေ့နေရတဲ့ နယ်ရုပ်ကလေးရေ မင်းက ယုံနေတုံးလား ဘဝတခုလုံးပစ်ထည့်လောင်ကျွမ်းပေးတာနဲ့ မီးသင့်ငှက်တွေလို အသစ်တဖန်ပြန်သစ်မယ် မင်း ထင်နေသေးတယ် မဟုတ်လား ကစားပွဲကအချိန်မလောက်တော့ဘူး ဆွဲဆောင်မှုတွေနောက်လိုက်ရင်းက့ မှီမလို လိုနဲ့ တန်ဖိုးတက်သွား အချစ်ဟာ အချစ်မဟုတ်တော့ချိန်မှာ ငါတို့အားလုံး အဆိပ်ကို မြိန်ယှက်စွာနဲ့ အိပ်မက် အသေတွေမက်ပြီး ရင်ခုန်နေတဲ့ ရုပ်အလောင်းတွေဖြစ်လာသတဲ့။ ပါဝင်သူတွေ ကွယ်လွန်ပြီးလဲ ပုံပြင်ဟာရှင်သန်နေဆဲ