Posts

Showing posts from September 2, 2007

ဆွေးမြေ့ဖွယ် ညနေ

ရွိင်လိုပက်(ဇ်) နဲ့စဖွင့်မယ် . . .  မင်းသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ . .  တရေးနိုးတိုင်း ခေါင်းအုံးလေးထစမ်းမိတာမျိုးဆို  နည်းနည်းတော့ရင့်သီးတဲ့ အလွမ်းမျိုးဖြစ်နေမလား  ကိုယ်က မင်းနဲ့ အိပ်မက်မက်တိုင်းဆုံဖြစ်နေတာမို့ပါ။  အစကပိုင်းမှာ ထောင်ချောက်တွေသိပ်များလွန်းတယ်လို့များ  မင်းညူစူနေဦးမှာလား . .  ချစ်ရတာ စစ်တုရင်ကစားပွဲမဟုတ်လည်း  ကိုယ့်ရဲ့တန်ဖိုးနည်းတဲ့ အရုပ်ကလေးကို ဘုရင်မနဲ့မလဲချင်တာအမှန်၊  ဘ၀က ဖြည်းဖြည်းချင်းစီးဆင်းနေခဲ့တာ  အဖြူအနက်အပြင် တခြားဘာအရောင် ပဲဖြစ်ဖြစ် ...  မင်း စစ်တုရင်ခုံပေါ်က အလွယ်တကူ မဖယ်ချင်တဲ့ အဖြစ်လေ . .  နယ်ရုပ်ကလေးလို နောက်ပြန်ဆုတ်မရတဲ့ အချစ်လို့ပြောရင်လည်း  မင်းရယ်မောနေဦးမှာပါပဲ။  အထီးကျန်နေတဲ့ စစ်သူရဲတစ်ယောက်ပဲဖြစ်ဖြစ်  ကျိုးပဲ့သွားရတဲ့ ရထားတစ်စင်းပဲဖြစ်ဖြစ်ပေါ့ . .  နှစ်များစွာစဉ်းစားရင်း ဖြည်းဖြည်းချင်း ညှဉ်းသတ်လှည့်ပါ အချစ်ရယ်  အနိုင်အရှုံးအတွက် အကြိမ်ကြိမ်ပြန်ကစားနေရတာထက်စာရင်  သည်တစ်ပွဲကို တစ်သက်စာ ဆွဲဆန့်ထားချင်တယ်။