မလွတ်မြောက်ခြင်း အိပ်မက်
လွင့်ထွက်သွားမှာစိုး အားကိုးတကြီး ဆုပ်ကိုင်ထားမိတဲ့ လက်ဖ၀ါးထဲ ကိုယ်မြင်ရတာ ဓားသွားချည်းသက်သက်။ မိုက်မဲတဲ့ စိတ်ကူးဟာ ရူးသွပ်နာကျင်နေတဲ့ ဦးခေါင်းထဲ ခုန်ပေါက် အော်ဟစ်နေဆဲ . . .။ ငါလွှတ်ချလိုက်တော့မယ် တူရှု့မှာ တိမ်တွေမြင်ရတယ် နောက်ကျောမှာ ဘာရှိမှာလဲ . . . ဒါအဆုံးသတ်သွားရင် ငါ အဆုံးသတ်သွားမှာလား . . . ဒုက္ခတော်တော်များများဟာ ပြန်ပြောပြခွင့်ရှိတဲ့ အခါမျိုးမှာတော့ ခမ်းနားတဲ့ ဒဏ္ဍာရီတွေပဲ။ အဲသည့်အခိုက်အတံ့တုံးက တွေးမိတယ်.. မနက်ဖြန် ဆိုတဲ့ စကားလုံးလှလှလေးကိုပဲ ဒါကို မျှော်လင့်ခြင်းလို့ အမည်တပ်ခဲ့တယ် . . .။