Posts

Showing posts from May 13, 2012

ပန်းနုရောင်အနမ်း

လွင့်တက်သွားတဲ့ မီးခိုးငွေ့တွေက ကြေကွဲမှုကို ဆတိုးစေပြန်တယ်.. ဒါအဆိပ်အတောက်ဆိုလည်း ရင်ထဲပဲနေပါတော့လားကွယ်...။ ခံစားမှုတွေ စစ်ထုတ်နေရတာကိုက ဝေဒနာတစ်ခုလို သည်အချိန်ဆို . . . စိုးရွံ့မှုတွေကို ငါမေ့ထားချင်ရဲ့။ အထိအတွေ့စစ်စစ်မျှော်လင့်မိတယ်... ဒါလည်းမဖြစ်နိုင်ခဲ့ဘူး တစ်ဆင့်ခံတွေကြားမှာ စွဲမက်လွန်းရတဲ့ရနံ့တွေများ လေလွင့်နေခဲ့ပြီလား ခါးသက်နေတဲ့ နှုတ်ခမ်းတွေက ပင်လယ်ကိုမက်မောမဆုံး။ ရေပြင်ပေါ်မှာ တိမ်တွေ ညို့လာတော့မယ် နတ်ဆိုးရဲ့ ရယ်မောသံတွေက အခန်းအပြည့်ပဲ မီးတောက်ကလေးကို မြင်မိရုံနဲ့ ရင်တလှပ်လှပ်ခုန်မိတဲ့နေ့။ -နှင်းမြို့ရိုး