Posts

Showing posts from 2015

စစ်

ပထမဆုံး ထိခိုက်ကျဆုံးသူဟာ အမှန်တရားဖြစ်သတဲ့ စစ် သွေးညှီနံ့ ပြင် ဘာမှ မျှော်စရာမရှိ။ ပစ်လွှတ်လိုက်တဲ့ ဒုံးတစ်စင်းနဲ့ ထိမှန်သွားတဲ့ အဆောက်အဦး တစ်ခုဟာ တန်ဖိုးအတူတူ စစ် ဟာ နှစ်ဘက်လုံးရှုံးတယ် ဒီလိုနဲ့ လူမျိုးစုတွေ ယဉ်ကျေးမှုတွေ မျှော်လင့်ချက်တွေ ချစ်ခြင်းမေတ္တာတွေ တကယ်လို့ စစ်ပွဲ တစ်ပွဲထဲ ရောက်သွားရင် ခင်ဗျားဘာလုပ်မလဲ လို့ လာမေးတော့ ကျနော့်ကို ထိမှန်မယ့် ကျည်ဆံကိုလိုက်ရှာမယ် ပြီးရင် အခုလိုပဲ သွေးအိုင်ထဲမှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေလိုက်မယ် စစ် ငါမရှိတော့တဲ့အခါ မင်းအတ္တ နဲ့ မင်းဆက်တိုက်တော့။

‪‎ပုစ္ဆာ‬

 ကံကောင်းရင် တစ်ခုခုရမယ်ဆိုတဲ့ မက်လုံးလေးရှိတယ် အရုပ်အသစ်ကလေးတွေအတွက် အိမ်အောက်ထဲက အရုပ်ဟောင်းလေးတွေ ကို စတေးခဲ့။ ကိုယ် မရွေးတစ်ထုပ်ရခဲ့ဖူးတယ်။ အရုပ်သည် ကြီးက ပြောတယ် မင်း သိပ်ကံကောင်းတဲ့ကောင်ပဲကွ ဒီမရွေးက သိပ်ဈေးကြီးတာ.. ငါ့ ဆီကအကောင်းဆုံး အရုပ်နဲ့တောင် မလဲဘူး ဒါအမှန်ပဲ . . စဉ်းစားကြည့် ဘယ်သူက ဒီမရွေး ဆယ်ပြာတန် အစုတ်အပြတ်နဲ့ တစ်ကျပ်တန် အရုပ်လဲမှာလဲ . . . ကိုယ်ရဲ့ မသိသားဆိုရွားပုံများပေါ့။ ကိုယ် လှည့်လိုက်တော့ လေယာဉ်ပျံလေးက မရွေးထုပ်ဆီပဲ ရောက်သွားတယ် ကလေးတွေက ဟေးကနဲ အော်ကြတယ် မရွေးတွေ အတူတူဝေစားကြတယ်။ တခါတလေ ကံကြမ္မာကောင်းဆိုတာ . . . ပျော်ရွှင်စေတဲ့ လိမ်လည်မှု တမျိုးလည်း ဖြစ်နိုင်တယ်။ အဖိုးအခတော့ ရှိတာပေါ့။ သူကကိုယ့် ကို ပြောတယ် ကျမ ရှင့်ကို အရမ်းချစ်ခဲ့တယ်။ ရှင် က ညာနေတာပဲ ဒါနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရတယ် လို့ ကိုယ် နားမလည်ဘူး တကယ်ချစ်ခဲ့တယ် ဆိုတဲ့ သူမက လမ်းခွဲစကားပြောနေပြီး ညာနေတဲ့ ကိုယ် က ဘာလို့များ တားဆီးနေမိတာပါလိမ့်။ မရွေးထုပ်ကလေးကိုင်ပြီး ကိုယ်ထွက်မသွားချင်ပါဘူး ဒီကစားပွဲထဲမှာ လည်း နှလုံးသားကို လွယ်လွယ်မထားရက်ခဲ့ချင်ပါဘူး။ ငယ်ငယ်ကလို ဘာရရတန်တယ် မတွေးဘဲ အရုပ်သည်ကို လိုချင်မိ...

တခန်းရပ်

 မထင်နဲ့ မထင်နဲ့ ဘယ်လိုမှ မထင်နဲ့ အောက်ဖဲက ဘုရင်လည်းမဟုတ် သံလျက်လည်းမဟုတ် နောက်တလှည့် ဝေတဲ့အခါ အိမ်ရှေ့မင်းဖြစ်ဖို့ မျှော်လင့်တဲ့ အထဲလည်းမပါဘူး။ ရုပ်တည်တိုင်း ဆရာမကျဘူး ဂျိုကာ သုံးချပ်ဆင့်တက်လည်း ဒေါင်းမယ့် အထာမရှိဘူး ကလားသုံးကောင်ထက်ကြီးတဲ့ ဆင်သုံးကောင်ဆိုတာမျိုး ခေါ်ပြနိုင်တဲ့ ဇာတာလည်းမပါဘူး။ ငါက ဗလမရှိ ဇမရှိကောင်ပဲ အရင် တခါလာ ကြောင်တဲ့ တယောက်လို ကိုယ့်ကိုယ်ကိုယ် ရောင်းချနည်းကောင်းကောင်းလည်း မတတ်ဘူး မင်းရည်းစားဦးလောက်လည်း ရေကို ရုပ်ပေါက်အောင် မရှာတတ်ဘူး။ ထမင်းအငတ်ခံနိုင်တာနဲ့ ဘစ်စကားပေါ်အိပ်ပြနိုင်တာမျိုးတွေထက် ဆနိးပြားတာ ငါ့မှာ မပါဘူး။ ဘာကြောင့် ချစ်လဲမမေးနဲ့ တစ်ယောက်ထည်းမနေရဲလို့လည်း မဟုတ်ဘူး လိင်ဆွဲဆောင်မှုကြောင့်လည်းမဟုတ်ဘူး ပျော်ရွှင်မှု ကျေနပ်မှု ဘာဆိုဘာအတွက်မှ မဟုတ်ဘူး နတ်သမီးပုံပြင်ထဲက စကားလုံးပတ်ချွဲနှပ်ချွဲတွေနဲ့လည်း ပြောပြစရာတခုမှ မရှိဘူး။ ငါ့ ကိုယ်ငါ ချစ်လားတောင်မသိဘူး မင်းချစ်တာ လိုချင်လို့ပါဆို နည်းနည်းများမလား။ ထားခဲ့ရင်လည်း လူကလွဲပြီး အကုန်ပြန်ယူသွား အနမ်း အလွမ်း အမှတ်တရ အစရှိသဖြင့် အကုန်ယူသွား အခန်းထောင့်က အန်ဖတ်တွေ ကလွဲလို့။ မငိုနဲ့ နောင်တမရနဲ့ အချစ်က ကျိန်စာ တိ...

‪အပျော်ဖတ်‬

 တောက်ပတဲ့ နေရောင်က တကိုယ်လုံးလောင်ကျွမ်းနေသလိုလို ရှင်နေတုံးပဲ . . ကိုယ်က Jason Voorhees လား အသတ်ခံရလိုက် ပြန်ရှင်လာလိုက်နဲ့ ပြီးရင် အသတ်ခံရဖို့ ကိုယ် သတ်ပြရဦးမယ် တဇာတ်သိမ်းတဲ့အခါ ယုတ်မာပက်စက်တဲ့ ငနဲကို သူရဲကောင်းတွေက ဝိုင်းဝန်းသတ်သင်လိုက်ကြ နောက်ထပ်ဇာတ်လမ်း တခုမစခင်မှာပဲ စက်ဆုတ်ရွံရှာဖွယ် ကိုယ်ပြန်နိုးထလာ။ ပရိတ်သတ်ကြီးလည်း ပျော်ရတာပေါ့ ကိုယ့်ကို ထိတ်လန့်ကြ ကိုယ့်ကို လှောင်ပြောင်ကြ နဲ့ အားလုံးအပျင်းပြေ။

အမည်မရှိတဲ့ လရောင်အာက်မှာ

Image
ခွဲရပြီ ဆိုကတည်းက ဒဏ်ရာပဲပေါ့။ စွယ်တော်ရွက်ကလေးလိုပဲ ဒီအဖြစ်မှာ သွေးစိမ်းရှင်ရှင် တော့ ဘယ်မြင်ရပါ့မလဲ။ ဒဏ်ရာကျက်တော့ ပြန်ဆက်မှာလား ကွယ် ကိုယ်က သက်မဲ့မဟုတ်တော့ ပဲ့ထွက်သွားတဲ့အခြမ်းလေးမြင်တိုင်း စိတ်ထဲ တဆတ်ဆတ်နာတယ်။ မျှော်လင့်ဖူးခဲ့သမျှ ရေပြင်ထက် က အရိပ်ကြယ်။

နယုန်

ဘယ်မှ မရောက်တဲ့ လမ်းပါ ကိုယ့် စွဲလန်းစိတ်က မခွဲခွာနိုင်တဲ့ ခြေလှမ်းတွေ။ နယုန် . . ပေါက္ခရဝဿမိုး တိုးတိုးလေး ကိုယ့်ရင်မှာရွာပါ။ မနက်ဖြန်ရောက်ရင် မြက်ခင်း စိမ်းစိမ်းလေးတွေအကြောင်းပြောရအောင် . . ကိုယ့်ကို ဖုန်းခေါ်ပါ  . .။ နယုန် . . တိမ်တွေကို မင်းရွေ့ပစ်လိုက်ချိန်မှာပဲ အိပ်မက်က လန့်နိုးခဲ့တယ်။ ကိုယ်က ဆက်လျှောက်နေမိဆဲ တစ်ယောက်ထည်း။

ဂျူ(န်)

 ၁။ သူထွက်သွားပြီး ခဏမှ မိုးကစရွာတယ် . . . သူ့ကို ရွေ့သွားခွင့်ပြုလိုက်ရမယ့်အစား တိမ်တွေကို ရွှေ့ယူသွားပေးပါလား စိုစွတ်နေတဲ့ ကိုယ့်အကျီတွေ ခြောက်သွေ့သွားတဲ့အခါများ ပွေ့ဖက်ထားဖူးတဲ့ သူကိုယ်ငွေ့လေး လွင့်ပြယ်သွားတော့မှာလား။ မြင်လေရာမှာ တမ်းတတဲ့စိတ်ပဲ တသွင်သွင်စီး ဖြတ်သွားတဲ့ ကားဘီးဆီက ရွံ့ရေစက်တွေထဲမှာတောင်မှ သူ မကြားလိုက်တဲ့ ကိုယ့်ခေါ်သံလေးပြန်တွေ့ရတယ်။ တစ်ယောက်ထဲ လျှောက်နေမိရင်း သူပြန်ရောက်လာတယ် သူနဲ့ ကိုယ်နဲ့ အဝေးကြီးဆိုပေမယ့် ကိုယ့်လက်မောင်းကို လှမ်းဆွဲလိုက်တဲ့ သူ့လက်ဖဝါးရဲ့ အထိအတွေ့ကို ကိုယ်ခံစားရတယ်။ အဲသည့် အတွေးဟာ ခဏလေးပဲ နောက်ထပ်ခြေလှမ်း တစ်လှမ်းမှာ နောက်ထပ် မိုင်များစွာ ကိုယ် ခဏလေးရပ်လိုက်တယ် ဒီထက် ပိုမဝေးလို့မရဘူးလား ကိုယ် ခြေလှမ်းအနည်းငယ် နောက်ပြန်လျှောက်ကြည့်တယ် စိတ်ထဲက သူများ ကိုယ့် အနားရောက်လာမလား . . . . . . . . . . . . . . . . ကမ္ဘာကြီးက ကျဉ်းပါတယ် နှလုံးသားထဲ နေရာမရှိတဲ့အခါမျိုးမှာတော့ မြို့လေး တမြို့ဟာ စင်္ကြာဝဠာ။ မိုးတိတ်သွားပေမယ့် မိုးမစဲဘူး။ ကိုယ့် ရင်ခွင်ဟာ သူ့အိမ်မဟုတ်တော့တဲ့အခါမျိုးမှာ ပြန်ဆုံခြင်းဟာ မနေ့ကပြီးဆုံးသွားတဲ့ မေလ တစ်လသာ ဖြစ်တော့တယ်။ ၂။ ၂၁။ ထွက် ထွက်...