Posts

Showing posts from 2008

မီးပုံး ထွန်းချိန်

လရောင်က ကန်ရေပြင်ကို ဖြတ်စီးတယ် မင်းရယ်သံသာ ကြယ်တွေဖြစ်ပါတော့ကွယ် ဘယ်လောက်ဝေးဝေး ကိုယ်မြင်နေရမယ် မဟုတ်လား သွားတော့မယ်လို့မပြောဖြစ်ဘဲ မင်းကို နှုတ်ဆက်မိခဲ့တယ် ရောက်တော့မယ် အားတင်းထားဆိုတဲ့ ဘုရားဖူး တောင်တက်လမ်းလိုတော့ ခရီးက ချိုမှ မချိုခဲ့တာပဲ မင်းမျက်ရည်ပေါ် ကိုယ်လည်း ဘယ်လိုရွက်လွင့် ထွက်ခွာရက်ပါ့မလဲ သီချင်းကို ကျယ်ကျယ်ဖွင့် ငိုမိတယ် ရှိုက်သံတွေ အမှောင်ထဲလွင့်သွားရင် ပစ်လွှတ်လက်စ မီးပန်းပွင့်လေးတွေ ညှိုးမှာ စိုးရဲ့ကွယ် ဒီညဆို တို့မြို့မှာ အမှောင်တခြမ်း အလင်းတခြမ်း ကိုယ်ထိုင်နေတဲ့ ပြတင်းတဖက်မှာတော့ အေးစက်စက်လမ်းတွေပဲ မြင်ရရဲ့။ လွမ်းတယ်လို့ရွတ်ဆိုဖို့ရာ စိတ်ကုန်မိတယ် ကိုယ့် ပုခုံးကို လာထိမယ့် လက်ကလေးရယ် မင်းချစ်တယ်ဆိုရင် လောကဓံကို ခဏခေါက်သိမ်း ပေးလှည့်ကွယ် ရောက်ရာအရပ်က ပြန်ခဲ့ရချင်တယ်. . . .

ကျိန်စာ

ငါသေဆုံးသွားတယ်လို့အိပ်မက်မက်ပြီးနောက်တနေ့မှာပဲ ငါ ရှင်သန်လာခဲ့တယ် ခြေဦးတည့်ရာ သွားလာရင်း မြက်ရိုင်းတွေရဲ့ ထိုးခွဲရာက ငါ့နှလုံးသွေးများ သည်မြေပေါ်စွန်းထင်လာခဲ့ပြန်ပေါ့။ ဘ၀ကိုနားလည်ဖို့ ပြာလဲ့လဲ့ အလင်း စွန်းထင်းနေတဲ့ သူမမျက်ဝန်းများကို ဖတ်ရှုခဲ့ သည်သိုးတွေကို ဘယ်သူများ လွှတ်ကြောင်းထားပါလိမ့်ကွယ် ငါဟာ ဘယ်လိုအရေခွံများခြုံထားမိပြန်သလဲ။ ချစ်တယ် . . . အဲသည့်စကားလုံးက အဆိပ်ရှိတယ် မင်းငါ့ကို စေ့စေ့ကြည့်စမ်းပါ ညီမရယ် ငါမင်းကို အဆိပ်ရှိရှိချစ်ခဲ့ပါတယ်။ ဘယ်ဝံပုလွေမှတော့ သိုးတွေကို မွေးမြူဖို့ကြိုးစားလိမ့်မလည်း ငါလည်း ဆာလောင်တတ်တဲ့ သားရဲပဲလေ။ မင်းနားလည်မှုအနည်းငယ် စိုစွတ်ရဖို့ စကားလုံးတွေကို ရှင်းပြနေရတာမျိုးက နေ၀င်ချိန် ထိုင်ငေးရင်း လွမ်းတငွေ့ငွေ့ ရယ်မော ရတာမျိုးလို သေရည်ချိုကို တစိမ့်စိမ့်မျိုချလိုက်ရတာမျိုးလို ရီဝေ လှိုက်မော .. အတွေးတွေနဲ့မြောချင်တိုင်းမြောရတာ မဟုတ်ပြန်ခဲ့ဘူး။ ခြောက်ခြောက်သွေ့သွေ့ နောက်ဆုတ်ခဲ့ရပြန်တယ်။ သည်အကြောင်းပြန်တွေးရင် သဘောတူညီမှုနဲ့ ချိတ်ခဲ့တဲ့ လက်သန်းကလေးကတောင် ငါ့ကို မလေးစားချင်ဘူးတဲ့။ မင်းငါ့ကို ယုံပါ ငါ အိပ်မက်မက်နေတယ် . . ငါသေဆုံးသွာ...

ကျိုးပဲ့လွယ်သော နေ့လယ်များ

စကားလက်ဆုံကျဖို့ရာ အချိန်မရှိဘူး . . . အရင်တုံးကအတွေးအခေါ်ဟောင်းတွေအတိုင်း စိတ်ကူးတွေသိမ်းဆည်း . . .အိမ်အပြန်ကို စက်ဘီးကယ်ရီယာ အလွတ်ကလေးနဲ့ ကိုယ့်ကိုယ်ကိုယ် သယ်ဆောင်ပြန်လာခဲ့။ သီချင်းခပ်ပြင်းပြင်း တွေ နားထောင်ဖို့လည်း ငြီးငွေ့နေမိတယ် အဆင်သင့် ကော်ဖီတွေမရှိတဲ့အလုပ်စားပွဲထောင့်ဆီမှာ အလွမ်းတွေလွင့်တက်နေတာမြင်ရမှာလား မင်းမရှိတဲ့အခါ။ အဲသည့်အချိန်ဆို ထမင်းစားခန်းဟာ ဘယ်တော့မှ ထင်းမင်းစားခန်းတစ်ခုနဲ့မတူဘူး . . .

ဧည့်သည်မှား (၂)

အလွမ်းဟာ ကျွန်တော်ခုခံကာကွယ်နည်းမတတ်တဲ့ ထိုးနှက်ချက်ပေါ့ အိမ်ရှေ့ ခေါင်းလောင်းကြိုးကလေးကတောင် သူ့ကို တချွင်ချွင်လှူပ်ခါမယ့် သူမ လက်ချောင်းကလေးတွေကို တမ်းတသတဲ့။ ဘ၀မှ အပေါင်း အနှုတ်တွေများခဲ့ပေမယ့် သူမက ကျွန်တော့်ဟန်ချက်ညီမျှမှုတွေကို ချိုးဖျက်သွားတဲ့ နွေအိပ်မက် . . . ဘယ်တော့မှ ပြန်မထွက်သွားဘူးလို့ သဘောတူညီမထားခဲ့ . . ဘာယ်တော့မှ ပြန်ရောက်မလာတော့ပါဘူးလို့လည်း မပြောထားခဲ့ရက်သား . . .နဲ့ အခု ညီမလေးက ဘယ်မြို့မှာ သာနေတဲ့ လတစ်စင်းလဲ . . .

မရေးဖြစ်တဲ့စာ

နင် လွမ်းနေခဲ့ရင် . . မိုးတိမ်တွေကိုပြောပါ . .၊ လမင်း ဆီကို မှာပါ ပုလင်းထဲ စာတစ်ကြောင်းတစ်လေ ရေးပြီး မြစ်ပြင်ကျယ်မှ လမ်းကြုံပါးပါ.. နင်လွမ်းနေခဲ့တယ် ဆိုရင်ပေါ့ဟာ .. ဆတ်ကနဲ တရေးအနိုးမှာ ငါ့ကို တိုးတိုးလေးခ်ါပါ ငါတို့အိမ်ရှေ့က စာတိုက်ပုန်း အနွမ်းလေးကို မြင်ယောင်ကြည့်ပါ အတူရယ်မောနေကြ ပြက်လုံးဟောင်းလေးကို ပြန်တွေးနေပါ။ ပျံလွှားတွေအများကြီးမြင်ရမယ့်လို့ နွေဦး မတိုင်ခင်က မျှော်လင့်မိပေမယ့် ဖေဖော်ဝါရီမှာ မိုးတွေရွာတယ် မေ့လျှော့ခံနေတဲ့ ချော့ကလက်တောင့်ကလေးလိုပဲ ငါ့ နွမ်းလျှ အရည်ပျော်ကျခဲ့ရတယ်။ ပျံလွှားတွေအများကြီး မလာပေမယ့် ငါတို့ အတူတူ အစာကြွေးဖူးတဲ့ စာဝတီးလေးတွေက တကျီကျီပါပဲ။ ငါတို့ အိမ်ခန်းထဲဆီ လရောင်ကို ခပ်ယူကြည့်ဖူးတယ် ငါတို့ အိမ်နားက သစ်ပင်ရိပ်မှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြည့်ဖူးတယ် အဲသည့်အချိန်ငါက ငါတို့ အထီးကျန်ခြင်းကို နားမလည်နိုင်ခဲ့။ နင်လွမ်းနေမယ့်လို့ ငါမယုံကြည်ပေမယ့် နင်လွမ်းနေဟန်ဆောင်နိုင်ဖို့ ငါစာရေးလိုက်တယ် သည်စာကို ဖတ်ရင်း နင့်မျက်ရည်မှာ ငါ့ဝိဉာဏ် တဖြတ်ဖြတ်လက်နေမှာကို ငါမြင်ယောင်မိတယ် . . နင်လွမ်းနေတဲ့အခါ သိပ်ဝမ်းနည်းတတ်တာ ငါသိတယ် . . နောက်ဆုံး ဒ...

အရိပ် ဇာတ်လမ်း

မိုက်မဲစွာ ကျိန်ဆဲနည်းများကို ဘယ်တုံးကမှ မသင်ကြားခဲ့ရပေမယ့် ငါတို့ ကျွမ်းကျင်ကြတယ် . . . ငါတို့ချစ်တတ်ခဲ့ကြသလိုပေါ့။ မြို့ဆီကနေ လမ်းကလေးကထွက်ပြေးသွားတယ် . . . သူ့ကိုခြေရာခံဖို့မလိုအပ်ပေမယ့် သူ့ကို နင်းလျှောက်ရင်းပဲ ငါထွက်ပြေးခဲ့ရပြန်တယ်.. ကျေးဇူးပြု၍ ငါ့ကိုတယ်လီဖုံးမခေါ်ပါနဲ့ နင်ဟာ ငါ့ရဲ့မှားယွင်းမှုတစ်ခုဆိုရင်လည်း နင်ဟာ ငါ့ဘ၀ထဲကပဲဖြစ်တယ် . . အဲသည့်နေ့က ငါနင့်ကိုချစ်တယ်ဆိုတဲ့ စကားလုံး ရေပြင်ပေါ် နမော်နမဲ့ ပြုတ်ကျသွားတာ ငါပြန်မြင်မိတယ်. ဒါဟာ အဆုံးသတ်ဆိုပါတော့ နောက်တစ်ကြိမ်ပြန်စဖို့ ငါအမြဲမျှော်လင့်နေမိတယ်...။

အဆိပ်ပင်

မင်းမျက်ဝန်းတွေက စခဲ့တာမို့ မင်းပဲ တာဝန်ယူပါ။ ငါ့ကိုမင်း ကယ်တင်ခဲ့တာလို့ ငါယုံကြည်သလို င့ါကို ဆက်လက်နားလည်ပါ။ ငါဟာ မကယ်ကောင်းတဲ့ခြေနှစ်ချောင်းဆိုလည်း ငါဟာ လဲပြိုလုလု မြို့လေးတစ်မြို့ပါ ငါ့ကောင်းကင်ယံမှာ ဆက်လက်ထွန်းလင်းပါ ငါ့ရွက်ကြွေတွေပေါ် မင်းအလင်းကို ဆက်လက်ဖြန်းပက်ပါကွယ်။ မင်းလက်ဖ၀ါးနဲ့ ဆယ်ယူခဲ့တာမို့ ငါ့ကိုမင်း ဆက်လက်ကြည်ဖြူပါ ငါဟာ မြောလွင့်နေခဲ့ဖူးသလို ငါဟာ ဆိုက်ကပ်ချိန်မှာ လှိုင်းအတိုင်းမတည်ငြိမ်နိုင်တာမို့ င့ါရွက်တိုင်ကို မင်းပဲဆက်လက်ထိန်းသိမ်းလှည့်ပါ။ နောက်ထပ်မြေမရှိ နောက်ထပ်ဖမ်းဆုပ်မျှော်လင့်စရာ အသိတရားကိုလည်း မသိ ငါ့ကိုငါ စွန်ကြိုးနဲ့ငြိနေတဲ့ငှက်လို့လည်း ငါမယုံမိဘူး လောက်ကျွမ်းလက်စ မီးတစ်စပါအချစ်ရယ် မင်းကို မကူးစက်လိုပေမယ့်လည်း ငါဟာ ငြိမ်းသတ်ခံရခြင်းနဲ့ လွဲချော်ချင်ခဲ့တယ်…

မမျှော်လင့်ခြင်း နှင်း

သူက ကိုယ့်ကို သတိရနေတယ်လို့များ ပြောလိုက်သလား သူ့ကို သိမ်းထုပ်ထားတဲ့ အိပ်မက်ဆိုးက ပဲ လှမ်းပြောလိုက်တာလား . . . .။ သောင်အတိုင်းမြောခဲ့တာမို့ ကမ်းကို မျှော်စရာမလိုခဲ့။ ဘ၀ ဆိုတာ နဲ့ စဖွင့်လိုက်တာနဲ့ စကားတွေလေးလံလာ လိမ့်မယ် သိခဲ့။ ခြေလှမ်းတိုင်း မြူထဲမြုပ်ဝင်သွားတာမို့ အေးစက်နေတဲ့ဆူးချက်တွေကို မြင်ရတယ် . . .။ ညဆိုတာ အတိုင်းအတာ ရှိပေမယ့် အလင်းကို မြင်ခွင့်မရခဲ့ဘူး။ သည်မှာ အဓိပ္ပါယ်တစ်ခုခုများ ရှာကြည့်နေမိသလားပဲ ဘာကိုမှ မဆိုလိုခဲ့တာမို့ အဖြေမရှိနိုင်တာ သေချာတယ်။