Posts

Showing posts from February 1, 2015

နယုန်

ဘယ်မှ မရောက်တဲ့ လမ်းပါ ကိုယ့် စွဲလန်းစိတ်က မခွဲခွာနိုင်တဲ့ ခြေလှမ်းတွေ။ နယုန် . . ပေါက္ခရဝဿမိုး တိုးတိုးလေး ကိုယ့်ရင်မှာရွာပါ။ မနက်ဖြန်ရောက်ရင် မြက်ခင်း စိမ်းစိမ်းလေးတွေအကြောင်းပြောရအောင် . . ကိုယ့်ကို ဖုန်းခေါ်ပါ  . .။ နယုန် . . တိမ်တွေကို မင်းရွေ့ပစ်လိုက်ချိန်မှာပဲ အိပ်မက်က လန့်နိုးခဲ့တယ်။ ကိုယ်က ဆက်လျှောက်နေမိဆဲ တစ်ယောက်ထည်း။

ဂျူ(န်)

 ၁။ သူထွက်သွားပြီး ခဏမှ မိုးကစရွာတယ် . . . သူ့ကို ရွေ့သွားခွင့်ပြုလိုက်ရမယ့်အစား တိမ်တွေကို ရွှေ့ယူသွားပေးပါလား စိုစွတ်နေတဲ့ ကိုယ့်အကျီတွေ ခြောက်သွေ့သွားတဲ့အခါများ ပွေ့ဖက်ထားဖူးတဲ့ သူကိုယ်ငွေ့လေး လွင့်ပြယ်သွားတော့မှာလား။ မြင်လေရာမှာ တမ်းတတဲ့စိတ်ပဲ တသွင်သွင်စီး ဖြတ်သွားတဲ့ ကားဘီးဆီက ရွံ့ရေစက်တွေထဲမှာတောင်မှ သူ မကြားလိုက်တဲ့ ကိုယ့်ခေါ်သံလေးပြန်တွေ့ရတယ်။ တစ်ယောက်ထဲ လျှောက်နေမိရင်း သူပြန်ရောက်လာတယ် သူနဲ့ ကိုယ်နဲ့ အဝေးကြီးဆိုပေမယ့် ကိုယ့်လက်မောင်းကို လှမ်းဆွဲလိုက်တဲ့ သူ့လက်ဖဝါးရဲ့ အထိအတွေ့ကို ကိုယ်ခံစားရတယ်။ အဲသည့် အတွေးဟာ ခဏလေးပဲ နောက်ထပ်ခြေလှမ်း တစ်လှမ်းမှာ နောက်ထပ် မိုင်များစွာ ကိုယ် ခဏလေးရပ်လိုက်တယ် ဒီထက် ပိုမဝေးလို့မရဘူးလား ကိုယ် ခြေလှမ်းအနည်းငယ် နောက်ပြန်လျှောက်ကြည့်တယ် စိတ်ထဲက သူများ ကိုယ့် အနားရောက်လာမလား . . . . . . . . . . . . . . . . ကမ္ဘာကြီးက ကျဉ်းပါတယ် နှလုံးသားထဲ နေရာမရှိတဲ့အခါမျိုးမှာတော့ မြို့လေး တမြို့ဟာ စင်္ကြာဝဠာ။ မိုးတိတ်သွားပေမယ့် မိုးမစဲဘူး။ ကိုယ့် ရင်ခွင်ဟာ သူ့အိမ်မဟုတ်တော့တဲ့အခါမျိုးမှာ ပြန်ဆုံခြင်းဟာ မနေ့ကပြီးဆုံးသွားတဲ့ မေလ တစ်လသာ ဖြစ်တော့တယ်။ ၂။ ၂၁။ ထွက် ထွက်...