ပုံပြင်လေးဟာဒီလိုဆုံးတယ်













တစုံတရာကို တိတ်ဆိတ်စွာ
ပျောက်ဆုံးနေခဲ့ရသော နေ့များပါပဲ အချစ်ရယ်
မဆုံဖြစ်ခြင်းကြောင့် လွမ်းဆွတ်ရတာတွေထက်
ပိုမိုတဲ့ အခက်အခဲ။ 

 အကျဉ်းသားတစ်ယောက်ပဲ ဆိုပါတော့
လွတ်မြောက်ခြင်းဟာ
မိုးတိမ်တွေဆီမှာလား
ကိုယ်ခုန်ဆင်းမှေးစက်ချင်စရာ
မင်းရင်ခွင်ဆီမှာလား 

အချိန် နေရာ ဘယ်လိုလွဲချော်သလဲ
အဖြေလည်း မတွေ့နိုင်တဲ့
ပြက္ခဒိန် အမှတ်အသားများကြားမှာ။ 

 မင်း အနမ်း‌တွေကို
ဝိုင်အရက်လို တစိမ့်စိမ့်သောက်မယ်
မင်းမျက်ဝန်းလေး ဆီက အလင်းတွေထဲ
ခုန်ပေါက်ပျော်ရွှင် ကပစ်လိုက်မယ်
ကိုယ်မျှော်လင့်ထားတဲ့ ဇတ်သိမ်းခန်းပေါ့
စောင့်ဆိုင်းခဲ့သမျှအတွက်
နန်းကျဘုရင်တစ်ယောက်ရဲ့
ရာဇပုလ္လင်ဆီအပြန်လမ်းလို
အနှိုင်းဆမဲ့ အောင်ပွဲခံလိုက်ချင်ရဲ့
စိတ်ကူးထဲမှာ ကြွေတဲ့ကြယ်။ 

 August 07, 2025

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

အပြစ်နဲ့ဒဏ်ရာ