နေ့များ

 











ဒီသံလမ်းပေါ်မှာ ပြေးလွှားနေသမျှတော့
ဒီဘူတာအပြင် အခြားမရှိတော့
ငါဟာ ရထားတစ်စင်းပဲပေါ့ အချစ်ရေ
ဝေးရာကို စွန့်ခွာခုတ်မောင်းရင်း
မင်းထံမှာ ပြန်လည်ဆိုက်ကပ်ရင်း
ရမ္မက်တွေ မီးခိုးတလူလူနဲ့
ကိုယ့်အတွက်မဟုတ်တဲ့ ခိုနားရာမှာ
အကြိမ်ကြိမ်ရပ်တံ့ဖို့ ကြိုးစားရင်း
တခြားတဖက်မှာလည်း
အဝေးဆုံးပြေးထွက်ရင်း
ကိုယ်ဟာ
အဓိပ္ပါယ်မဲ့ခြင်းများနဲ့ ရထားတစင်းပဲပေါ့
လမ်းဟာ လမ်းမဟုတ်တော့တဲ့
အကျဉ်းကျခြင်းသာ ဖြစ်ခဲ့တော့။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ