ဒဏ်ရာ

 










သတိရနေရုံပဲ ငါတတ်နိုင်တယ်...

ကျန်တာတွေကတော့ ကံကြမ္မာအတိုင်းပေါ့


စကားတွေအများကြီး ပြောဖြစ်ပေမယ့်

တစ်ယောက်နှလုံးသားကိုတစ်ယောက်

အပြန်လှန် ရှာဖွေဖို့ပျက်ကွက်ခဲ့တယ်။


ချဉ်းကပ်လမ်းအလွဲမှာ

ဝေးလွင့်အဆုံးသတ်

စစ်ပွဲတွေရပ်တံ့သွားရင်တောင်

ရန်ညှိုးတွေ တဖြတ်ဖြတ်လွင့်နေဦးမှာ


ဘဝကိုမုန်းခဲ့တယ်

ပွဲတော်နဲ့ မသက်ဆိုင်တဲ့ အကြွေစေ့လေးလို . .

ကိုယ့်သဘောနဲ့ကိုယ် မရွေ့နိုင်တဲ့ သစ်ရွက်အသေလေးလို . . .

အလင်းကို မတို့ထိဝံ့တဲ့ အမှောင် ကျင့်သားရမျက်ဝန်းတွေလို . . .

ဖြစ်စဉ်က ဇာတ်ညွှန်းကိုဖြိုခွဲ သွားပြီးနောက်. . .



ငါ့ရဲ့ အလင်းမဲ့ လောင်ကျွမ်းခြင်းကို

ကြယ်တွေရှုံးနိမ့်သွားပြီ . . . . .။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ