လက်ရှိရည်းစားဖတ်ဖို့ အချစ်ကဗျာ
ပြောင်းလဲချိန်တန်ပြီတဲ့ အချစ် ပြောကြည့် မင်း အဆင်သင့်ဖြစ်ရဲ့လား ဆရာဝန်ကြီးလား စစ်ဗိုလ်ကြီးလား ဆိုရှယ်လစ်ခေတ်တုံး မင်းသားတွေဆိုပေမယ့် ကြည့်ရတာ သူတို့အတွက်လည်း ခေတ်ကောင်း ဟုတ်ပုံမရဘူး ထားလိုက်တော့ မင်းဘာဖြစ်ချင်လဲ ကိုယ် မမေးလို။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားလျှက် မင်းက ခွဲထွက်မှာလား Viber က ပစ်မယ် messenger က ပစ်မယ် MPT နဲ့ ရန်ဖြစ်မယ် OOREDOO နဲ့ ပြန်ချစ်မယ် TELENOR နဲ့ ထပ်ပြီး ရစ်မယ် စစ်ပွဲကြာငြောင်းလေလေ လက်နက်ကုန်သည်လို Operator တွေ ကောင်းစားလေလေ ပိုင်ဆိုင်မှုရောင်းချပြီး ဦးအောင်မင်းလိုများ တစ်ယောက်ယောက်က ငြိမ်းချမ်းရေးကိုယ်စားလှယ်လုပ်ပေးမလား ဆုတောင်းဖူးတယ်။ အချစ် အနာဂတ်ခေါင်းစဉ်အောက်မှာ ကိုယ် အလုပ်သိပ်များတယ် သတင်းသမားတွေလို မနက်ဖြန်ကိစ္စ အခုသိချင်တာလား ခဏလေးစောင့်ပါဦးလား ဝန်ကြီးချုပ် နေရာထက် လူထုလက်ခံဖို့ လိုတာ မျက်ကွယ်ပြုရင်း တောကြောင်တွေ အလိုကျ ဒေါက်တာအေးမောင်လို စိတ်ကောက်ချင်ယောက်ဆောင်ပြီး တစင်ထောင်နေရပြန်တာလား ခဏလေးပါကွာ . . . ရှစ်ပြည်နယ် ဖက်ဒရယ် ဘယ်ခေါင်းစဉ်နဲ့လာလာ လူ့အခွင့်အရေး ဒီမိုကရေစီ ဘာပဲဖြစ်ဖြစ်။ အုပ်ချုပ်သူတွေက မြောက်ကိုရီးယားကို အားကျပြီး ပြည်သူတွေက စင်္ကာပူ...