Posts

Showing posts from December 13, 2015

စစ်

ပထမဆုံး ထိခိုက်ကျဆုံးသူဟာ အမှန်တရားဖြစ်သတဲ့ စစ် သွေးညှီနံ့ ပြင် ဘာမှ မျှော်စရာမရှိ။ ပစ်လွှတ်လိုက်တဲ့ ဒုံးတစ်စင်းနဲ့ ထိမှန်သွားတဲ့ အဆောက်အဦး တစ်ခုဟာ တန်ဖိုးအတူတူ စစ် ဟာ နှစ်ဘက်လုံးရှုံးတယ် ဒီလိုနဲ့ လူမျိုးစုတွေ ယဉ်ကျေးမှုတွေ မျှော်လင့်ချက်တွေ ချစ်ခြင်းမေတ္တာတွေ တကယ်လို့ စစ်ပွဲ တစ်ပွဲထဲ ရောက်သွားရင် ခင်ဗျားဘာလုပ်မလဲ လို့ လာမေးတော့ ကျနော့်ကို ထိမှန်မယ့် ကျည်ဆံကိုလိုက်ရှာမယ် ပြီးရင် အခုလိုပဲ သွေးအိုင်ထဲမှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေလိုက်မယ် စစ် ငါမရှိတော့တဲ့အခါ မင်းအတ္တ နဲ့ မင်းဆက်တိုက်တော့။

‪‎ပုစ္ဆာ‬

 ကံကောင်းရင် တစ်ခုခုရမယ်ဆိုတဲ့ မက်လုံးလေးရှိတယ် အရုပ်အသစ်ကလေးတွေအတွက် အိမ်အောက်ထဲက အရုပ်ဟောင်းလေးတွေ ကို စတေးခဲ့။ ကိုယ် မရွေးတစ်ထုပ်ရခဲ့ဖူးတယ်။ အရုပ်သည် ကြီးက ပြောတယ် မင်း သိပ်ကံကောင်းတဲ့ကောင်ပဲကွ ဒီမရွေးက သိပ်ဈေးကြီးတာ.. ငါ့ ဆီကအကောင်းဆုံး အရုပ်နဲ့တောင် မလဲဘူး ဒါအမှန်ပဲ . . စဉ်းစားကြည့် ဘယ်သူက ဒီမရွေး ဆယ်ပြာတန် အစုတ်အပြတ်နဲ့ တစ်ကျပ်တန် အရုပ်လဲမှာလဲ . . . ကိုယ်ရဲ့ မသိသားဆိုရွားပုံများပေါ့။ ကိုယ် လှည့်လိုက်တော့ လေယာဉ်ပျံလေးက မရွေးထုပ်ဆီပဲ ရောက်သွားတယ် ကလေးတွေက ဟေးကနဲ အော်ကြတယ် မရွေးတွေ အတူတူဝေစားကြတယ်။ တခါတလေ ကံကြမ္မာကောင်းဆိုတာ . . . ပျော်ရွှင်စေတဲ့ လိမ်လည်မှု တမျိုးလည်း ဖြစ်နိုင်တယ်။ အဖိုးအခတော့ ရှိတာပေါ့။ သူကကိုယ့် ကို ပြောတယ် ကျမ ရှင့်ကို အရမ်းချစ်ခဲ့တယ်။ ရှင် က ညာနေတာပဲ ဒါနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရတယ် လို့ ကိုယ် နားမလည်ဘူး တကယ်ချစ်ခဲ့တယ် ဆိုတဲ့ သူမက လမ်းခွဲစကားပြောနေပြီး ညာနေတဲ့ ကိုယ် က ဘာလို့များ တားဆီးနေမိတာပါလိမ့်။ မရွေးထုပ်ကလေးကိုင်ပြီး ကိုယ်ထွက်မသွားချင်ပါဘူး ဒီကစားပွဲထဲမှာ လည်း နှလုံးသားကို လွယ်လွယ်မထားရက်ခဲ့ချင်ပါဘူး။ ငယ်ငယ်ကလို ဘာရရတန်တယ် မတွေးဘဲ အရုပ်သည်ကို လိုချင်မိ...