နေ့များ











ကြယ်ကလေးတွေက
တစ်စင်း ဆီက တစ်စင်း
ထွက်ပြေးနေကြတာမျိုးမဟုတ်ဘဲ
ပိုပိုကျယ်ပြန့်လာတဲ့ ဗလာနယ်ကြောင့်သာ
အချင်းချင်း ဝေးသည်ထက်ဝေးသွားကြတာလို့ ဆိုတယ်


အပြာရောင် မီးခြစ်ကလေးရယ်
ကြယ် မဟုတ်ရပါပဲ လောင်ကျွမ်း ကုန်ဆုံးနေရတဲ့ကိုယ်ရယ်
ကိုယ်မမြင်နိုင်တဲ့ တနေရာရာ က မင်းဆီ
အလင်းမှုန်လေးတွေ ရောက်ရှိနိုင်ဦးမလား
ကိုယ် မသိတယ်။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ