Posts

Showing posts from 2006

ဖယောင်းရုပ် ဇာတ်လမ်း

ဝ။ လက်နက်ချပြီး ရတဲ့ အနိုင်ထက် နိုင်အောင်တိုက်ပြီး ရှုံးရတာ ပိုမြတ်နိုးခဲ့။ ရိုင်းတယ် ဆိုလည်း ခေါင်းငြိမ့် ပြလိုက်ရုံပါပဲ။ မိုက်မဲသူတစ်ယောက်ရဲ့ စရိုက်အတိုင်းပေါ့။ အသေခံဖောက်ခွဲတိုက်ခိုက်ဖို့အထိ မရူးသွပ်သေးကြောင်းကိုတော့ နင်ယုံကြည်ဖို့လိုလိမ့်မယ်။ အနုပညာကို ချစ်ခဲ့တာလား အဖြေက နင်ကြားဖူးနေကျ အငြင်းစကားစုတချို့ပဲ ဒါ ငါဘိန်းစွဲနေလား အမေးနဲ့အတူတူ လို့ခံယူတယ် ငါစွဲလန်းနေတဲ့ မူးယစ်ဆေးက နင့် အလိမ်အညာတွေအတွက် နာကျင်ရမှုပဲ။ ၁။ တချိန်ကဆို မျှော်လင့်ခြင်းတွေနဲ့ အသိုက်အမြုံတစ်ခုဆောက် နင်ရယ်.. ငါရယ် နောက်တော့ (သည်နေရာမှာ နင့်ကို စွပ်စွဲဖို့ မ၀ံ့ရဲသေးတဲ့အတွက်) ကံကြမ္မာ အဲသည့် ကံကြမ္မာဟာ အချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲ . . ချစ်ခြင်းမေတ္တာရဲ့ အလှတရား၊ သိမ်မွေ့နူးညံ့မှုတို့ မျက်နှာလွှဲခံလိုက်ရတဲ့ သွေးအိုင်ထဲက ငါ့ရဲ့ တစစီ ကို ငါပြန်ကောက်ရင်း ပွေ့ဖက်ကျိန်ဆဲမိ၊ ကိုယ့်ကိုယ်ကိုယ်။ ခံစားခွင့်မရှိတဲ့ တရားမျှတမှုရေလို့ အော်ခေါ်ကြည့်တယ်။ ထိုက်တန်တဲ့ ၀ဋ်ကြွေးကပဲပြန်ထူးခဲ့။ မှတ်မိသလောက် တောင်စောင်းက လိမ့်ဆင်းသွားရတဲ့ မြစ်တစ်စင်း။ ၂။ ဒဏ်...

ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ

အနုမြူစစ်ကြီးဖြစ်မဖြစ်ထက် ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။ ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲစိတ်ညစ်နေမိတယ်။ သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။ သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။ ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို ပေကပ်ရှင်သန်ရင်းချစ်တယ်။ လေးဖြူသီချင်း မဆိုတော့လည်း ကိုယ်က မင်းကို ချစ်နေမှာပါပဲ တို့မြို့လေးကို လူမုန်းများနေလည်း ချစ်တယ်။ ဆူနာမီနဲ့နီးကပ် .. ကက်ထရီနာလိုအဆုံးရှုံးများစေတတ်လည်း ချစ်မယ်။ တင်မိုသီမက်ဗေး ကွယ်လွန်ပြီးလည်း ငါကမင်းကို ချစ်နေခဲ့တယ်။ မင်းကိုချစ်နေရမယ်ဆို အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ် အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ် ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။ ချစ်ရတာမမောပါဘူး ကလေးရယ် အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။ ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။ မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိ...