Posts

Showing posts from August 10, 2008

ကျိန်စာ

ငါသေဆုံးသွားတယ်လို့အိပ်မက်မက်ပြီးနောက်တနေ့မှာပဲ ငါ ရှင်သန်လာခဲ့တယ် ခြေဦးတည့်ရာ သွားလာရင်း မြက်ရိုင်းတွေရဲ့ ထိုးခွဲရာက ငါ့နှလုံးသွေးများ သည်မြေပေါ်စွန်းထင်လာခဲ့ပြန်ပေါ့။ ဘ၀ကိုနားလည်ဖို့ ပြာလဲ့လဲ့ အလင်း စွန်းထင်းနေတဲ့ သူမမျက်ဝန်းများကို ဖတ်ရှုခဲ့ သည်သိုးတွေကို ဘယ်သူများ လွှတ်ကြောင်းထားပါလိမ့်ကွယ် ငါဟာ ဘယ်လိုအရေခွံများခြုံထားမိပြန်သလဲ။ ချစ်တယ် . . . အဲသည့်စကားလုံးက အဆိပ်ရှိတယ် မင်းငါ့ကို စေ့စေ့ကြည့်စမ်းပါ ညီမရယ် ငါမင်းကို အဆိပ်ရှိရှိချစ်ခဲ့ပါတယ်။ ဘယ်ဝံပုလွေမှတော့ သိုးတွေကို မွေးမြူဖို့ကြိုးစားလိမ့်မလည်း ငါလည်း ဆာလောင်တတ်တဲ့ သားရဲပဲလေ။ မင်းနားလည်မှုအနည်းငယ် စိုစွတ်ရဖို့ စကားလုံးတွေကို ရှင်းပြနေရတာမျိုးက နေ၀င်ချိန် ထိုင်ငေးရင်း လွမ်းတငွေ့ငွေ့ ရယ်မော ရတာမျိုးလို သေရည်ချိုကို တစိမ့်စိမ့်မျိုချလိုက်ရတာမျိုးလို ရီဝေ လှိုက်မော .. အတွေးတွေနဲ့မြောချင်တိုင်းမြောရတာ မဟုတ်ပြန်ခဲ့ဘူး။ ခြောက်ခြောက်သွေ့သွေ့ နောက်ဆုတ်ခဲ့ရပြန်တယ်။ သည်အကြောင်းပြန်တွေးရင် သဘောတူညီမှုနဲ့ ချိတ်ခဲ့တဲ့ လက်သန်းကလေးကတောင် ငါ့ကို မလေးစားချင်ဘူးတဲ့။ မင်းငါ့ကို ယုံပါ ငါ အိပ်မက်မက်နေတယ် . . ငါသေဆုံးသွာ...