Posts

Showing posts from February 24, 2008

မရေးဖြစ်တဲ့စာ

နင် လွမ်းနေခဲ့ရင် . . မိုးတိမ်တွေကိုပြောပါ . .၊ လမင်း ဆီကို မှာပါ ပုလင်းထဲ စာတစ်ကြောင်းတစ်လေ ရေးပြီး မြစ်ပြင်ကျယ်မှ လမ်းကြုံပါးပါ.. နင်လွမ်းနေခဲ့တယ် ဆိုရင်ပေါ့ဟာ .. ဆတ်ကနဲ တရေးအနိုးမှာ ငါ့ကို တိုးတိုးလေးခ်ါပါ ငါတို့အိမ်ရှေ့က စာတိုက်ပုန်း အနွမ်းလေးကို မြင်ယောင်ကြည့်ပါ အတူရယ်မောနေကြ ပြက်လုံးဟောင်းလေးကို ပြန်တွေးနေပါ။ ပျံလွှားတွေအများကြီးမြင်ရမယ့်လို့ နွေဦး မတိုင်ခင်က မျှော်လင့်မိပေမယ့် ဖေဖော်ဝါရီမှာ မိုးတွေရွာတယ် မေ့လျှော့ခံနေတဲ့ ချော့ကလက်တောင့်ကလေးလိုပဲ ငါ့ နွမ်းလျှ အရည်ပျော်ကျခဲ့ရတယ်။ ပျံလွှားတွေအများကြီး မလာပေမယ့် ငါတို့ အတူတူ အစာကြွေးဖူးတဲ့ စာဝတီးလေးတွေက တကျီကျီပါပဲ။ ငါတို့ အိမ်ခန်းထဲဆီ လရောင်ကို ခပ်ယူကြည့်ဖူးတယ် ငါတို့ အိမ်နားက သစ်ပင်ရိပ်မှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြည့်ဖူးတယ် အဲသည့်အချိန်ငါက ငါတို့ အထီးကျန်ခြင်းကို နားမလည်နိုင်ခဲ့။ နင်လွမ်းနေမယ့်လို့ ငါမယုံကြည်ပေမယ့် နင်လွမ်းနေဟန်ဆောင်နိုင်ဖို့ ငါစာရေးလိုက်တယ် သည်စာကို ဖတ်ရင်း နင့်မျက်ရည်မှာ ငါ့ဝိဉာဏ် တဖြတ်ဖြတ်လက်နေမှာကို ငါမြင်ယောင်မိတယ် . . နင်လွမ်းနေတဲ့အခါ သိပ်ဝမ်းနည်းတတ်တာ ငါသိတယ် . . နောက်ဆုံး ဒ...

အရိပ် ဇာတ်လမ်း

မိုက်မဲစွာ ကျိန်ဆဲနည်းများကို ဘယ်တုံးကမှ မသင်ကြားခဲ့ရပေမယ့် ငါတို့ ကျွမ်းကျင်ကြတယ် . . . ငါတို့ချစ်တတ်ခဲ့ကြသလိုပေါ့။ မြို့ဆီကနေ လမ်းကလေးကထွက်ပြေးသွားတယ် . . . သူ့ကိုခြေရာခံဖို့မလိုအပ်ပေမယ့် သူ့ကို နင်းလျှောက်ရင်းပဲ ငါထွက်ပြေးခဲ့ရပြန်တယ်.. ကျေးဇူးပြု၍ ငါ့ကိုတယ်လီဖုံးမခေါ်ပါနဲ့ နင်ဟာ ငါ့ရဲ့မှားယွင်းမှုတစ်ခုဆိုရင်လည်း နင်ဟာ ငါ့ဘ၀ထဲကပဲဖြစ်တယ် . . အဲသည့်နေ့က ငါနင့်ကိုချစ်တယ်ဆိုတဲ့ စကားလုံး ရေပြင်ပေါ် နမော်နမဲ့ ပြုတ်ကျသွားတာ ငါပြန်မြင်မိတယ်. ဒါဟာ အဆုံးသတ်ဆိုပါတော့ နောက်တစ်ကြိမ်ပြန်စဖို့ ငါအမြဲမျှော်လင့်နေမိတယ်...။