မနေ့ညကအိပ်မက်
ရေမြေဆုံးသရွေ့ ဆိုတဲ့ ယူတိုးပီးယားကို သဘောကျမိတယ် ကိုယ်က ထွက်ပြေးပုန်းရှောင်ရုံသက်သက်ပဲ လာဖို့မခေါ်ခဲ့သူမို့ ရှာဖို့လည်း မမျှော်ပါဘူးကွယ် ကိုယ့်ကိုယ်ကိုယ် ပြန်မတွေ့ချင်တာတခုပါပဲ။ မျှော်လင့်ခြင်းက နာကျင်စေတယ် ဆိုတဲ့ စကားကိုတော့ မနှစ်သက်ခဲ့ဘူး ဖြေရာမဲ့ နာကျင်နေသူက ဘာများမျှော်လင့်နိုင်မှာလဲ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တွေဟာလည်း အဖြေတခုပဲပေါ့ကွယ်။ သေဆုံးခြင်းအလွန်မှာ နောက်ဘဝတခုရှိတယ်ဆိုပါစို့ မှတ်ညဏ်အသစ်တွေနဲ့ ကိုယ်ပဲမဟုတ်လား အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အချိန်သုံးပါးမှာ မေ့လျော့သွားမယ့် နေရာလေးရွေ့ထိုင်ချင်ရုံပါပဲ . . .။