Posts

Showing posts from March 29, 2009

အ၀ါရင့်ရင့် နေ့ခင်းလေးတွေ

အေပရယ် ရောက်တော့မှာမို့ အရူးလုပ်ခံရဖို့ မျှော်မိတယ် အချစ်ရဲ့ မင်း လက်ဖ၀ါးလေးဆီက လွင့်ထွက်သွားရတိုင်း နွေခေါင်ခေါင် တစ်ရက်နေ့ပါပဲကွယ့် အခုထိ ဟုတ်ယောင်ထင်မှု အစစ်တွေထဲက မလွတ်မြောက်နိုင်သေးတဲ့အဖြစ်ရယ် . . နံပါတ်တစ်ခုကို မှားခေါ်မိတယ် ဒါဟာ ဘယ်တုံးကမှ မရယ်မောမိတဲ့ ဟာသအသစ်စက်စက်ပေါ့ စိတ်ကကွေးညွှတ်သွားတိုင်း အတိတ်ကို ပြန်ကောက်ရဦးမလား တွေးသူအဖြစ်နဲ့ လိပ်စာရဲ့အဆုံး တစ်ဖက်မှာ မင်းအပြုံးတွေ ကိုယ်မမြင်ခဲ့ရဘူး အညာခံရသူတဲ့ကွယ် ကျောခိုင်းရာတိုင်းမှာ ရယ်သံတွေကြားရပြန်တယ် စိန်ပန်းပင်တွေအောက်ဆီ အိပ်မက်နဲ့ဖြတ်လျှောက်တိုင်း ကိုယ်အခြောက်ခံရတဲ့ တစ္ဆေ။