Posts

Showing posts from December 6, 2015

တခန်းရပ်

 မထင်နဲ့ မထင်နဲ့ ဘယ်လိုမှ မထင်နဲ့ အောက်ဖဲက ဘုရင်လည်းမဟုတ် သံလျက်လည်းမဟုတ် နောက်တလှည့် ဝေတဲ့အခါ အိမ်ရှေ့မင်းဖြစ်ဖို့ မျှော်လင့်တဲ့ အထဲလည်းမပါဘူး။ ရုပ်တည်တိုင်း ဆရာမကျဘူး ဂျိုကာ သုံးချပ်ဆင့်တက်လည်း ဒေါင်းမယ့် အထာမရှိဘူး ကလားသုံးကောင်ထက်ကြီးတဲ့ ဆင်သုံးကောင်ဆိုတာမျိုး ခေါ်ပြနိုင်တဲ့ ဇာတာလည်းမပါဘူး။ ငါက ဗလမရှိ ဇမရှိကောင်ပဲ အရင် တခါလာ ကြောင်တဲ့ တယောက်လို ကိုယ့်ကိုယ်ကိုယ် ရောင်းချနည်းကောင်းကောင်းလည်း မတတ်ဘူး မင်းရည်းစားဦးလောက်လည်း ရေကို ရုပ်ပေါက်အောင် မရှာတတ်ဘူး။ ထမင်းအငတ်ခံနိုင်တာနဲ့ ဘစ်စကားပေါ်အိပ်ပြနိုင်တာမျိုးတွေထက် ဆနိးပြားတာ ငါ့မှာ မပါဘူး။ ဘာကြောင့် ချစ်လဲမမေးနဲ့ တစ်ယောက်ထည်းမနေရဲလို့လည်း မဟုတ်ဘူး လိင်ဆွဲဆောင်မှုကြောင့်လည်းမဟုတ်ဘူး ပျော်ရွှင်မှု ကျေနပ်မှု ဘာဆိုဘာအတွက်မှ မဟုတ်ဘူး နတ်သမီးပုံပြင်ထဲက စကားလုံးပတ်ချွဲနှပ်ချွဲတွေနဲ့လည်း ပြောပြစရာတခုမှ မရှိဘူး။ ငါ့ ကိုယ်ငါ ချစ်လားတောင်မသိဘူး မင်းချစ်တာ လိုချင်လို့ပါဆို နည်းနည်းများမလား။ ထားခဲ့ရင်လည်း လူကလွဲပြီး အကုန်ပြန်ယူသွား အနမ်း အလွမ်း အမှတ်တရ အစရှိသဖြင့် အကုန်ယူသွား အခန်းထောင့်က အန်ဖတ်တွေ ကလွဲလို့။ မငိုနဲ့ နောင်တမရနဲ့ အချစ်က ကျိန်စာ တိ...

‪အပျော်ဖတ်‬

 တောက်ပတဲ့ နေရောင်က တကိုယ်လုံးလောင်ကျွမ်းနေသလိုလို ရှင်နေတုံးပဲ . . ကိုယ်က Jason Voorhees လား အသတ်ခံရလိုက် ပြန်ရှင်လာလိုက်နဲ့ ပြီးရင် အသတ်ခံရဖို့ ကိုယ် သတ်ပြရဦးမယ် တဇာတ်သိမ်းတဲ့အခါ ယုတ်မာပက်စက်တဲ့ ငနဲကို သူရဲကောင်းတွေက ဝိုင်းဝန်းသတ်သင်လိုက်ကြ နောက်ထပ်ဇာတ်လမ်း တခုမစခင်မှာပဲ စက်ဆုတ်ရွံရှာဖွယ် ကိုယ်ပြန်နိုးထလာ။ ပရိတ်သတ်ကြီးလည်း ပျော်ရတာပေါ့ ကိုယ့်ကို ထိတ်လန့်ကြ ကိုယ့်ကို လှောင်ပြောင်ကြ နဲ့ အားလုံးအပျင်းပြေ။