ညနေခင်းအကြောင်းပြောတဲ့အခါ
အဆက်စပ်မရှိ သူစပြောတယ် .. . . ကွန်မြူနစ်တွေကိုမုန်းတာ ရေပေါ်ဆီတွေကိုမုန်းတာ ဒီမိုကရက်တစ်တွေကိုမုန်းတာ သူတော်တော်များများ မုန်းနေပြီဆိုတော့ ကိုယ့်ကိုတော့ ချစ်ကောင်းချစ်နိုင်မှာပါလေ.. ဆက်တိုက်နိုင်နေတဲ့အသင်း တပွဲတော့ ကျရတော့မပေါ့.။ နားထောင်နေလား သူထပ်မေးတယ် . . . အကြည့်တည့်တည့်မှာ သူ့မျက်ဝန်းရှိတယ် သူ့ကိုကျော်ကြည့်မိတော့ ကိုယ်ဘာမှ မမြင်မိဘူး။ စကားလုံးတွေ ကြီးလာလေလေ ကိုယ့်ရဲ့ သူ့နှုတ်ခမ်းတွေအပေါ် စိတ်ဝင်စားမှုက ပြင်းထန်လေလေပဲ ဒါနိုင်ငံရေးမဟုတ်တဲ့အတွက် ပရိယာယ်များများမလို ဒါအသွင်ကူးပြောင်းချိန်မဟုတ်တဲ့အတွက် တဖက်နဲ့ တဖက် သိပ်များများငဲ့ကွက်စရာမလို ဆုံးဖြတ်ချက် တင်းတင်းချလိုက်တယ် သည်နေ့အဖို့ စာအုပ်တစ်အုပ်ထက် မုန့်တစ်ခုပဲပိုလိုအပ်တယ် သူမရဲ့ ရနံ့ကတော့ သစ်သီးတစ်လုံးနဲ့ ပိုတူတယ်ဆိုပါတော့။