အိမ်စာ

ဘာသတင်းစကားမှ ထပ်ရောက်မလာတဲ့
သေတ္တာဟောင်းလောင်းလေးကို ငေးမိတယ်။
လိုချင်တာတချို့ရှိပေမယ့်
ဒါတွေ ကိုယ့်အတွက်လို့ မသေချာတော့တာ ခက်။

တပို့တွဲဆိုပေမယ့် ရင်ထဲမှာက
မိန်ရာသီ တံလျှပ်
တိမ်တွေ အငွေ့ပျံနေတယ်..
ကောင်းကင် ကိုရင်ခုန်ကြည့်တော့လည်း
အတွေးထဲ အပြာ။
ဒီနေ့အဖို့တော့ မိုးမရွာတာသေချာခဲ့ပြီ
ဖွင့်ထားတဲ့ ထီးကိုပိတ်
အရိပ်ကိုလှမ်းကြည့်မိ။

လမ်းမှာ လမ်းအပြင် ဘာရှိဦးမှာလဲ . . . .။

ခြေဖ၀ါးကို အားနာမိ၊
ခရုကလေးတွေက ကိုယ့်ထက်ပိုရွေ့နေသလား
ငါးစာအကြောင်းပြောသံကြားပေမယ့်
ငါးမျှားချိတ်က စိတ်ပြောင်းသွားတယ်။
တနင်္ဂနွေနေ့ဆို စိတ်တွေက လေတံခွန်လိုပဲ..
အလုပ်တွေကို ကြိုးရှည်ရှည်လှန်ပြီး . . ငါပျံသန်းချင်လိုက်ချင်ရဲ့ကွယ်။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ