မုန်းတာ

ခင်ဗျားရဲ့ ကျဆုံးခန်းအတွက်
လူ ဘယ်လောက်များများ ၀မ်းသာခဲ့သလဲ။

ကျနော် ငိုခဲ့တယ်
ကျနော် ရယ်ခဲ့တယ်
အမှားတွေ အကြောင်းပြောရင်း
အမှန်တွေ မေ့သွား၊ နောက်ထပ် ဘယ်တော့မှ သတိပြန်မရ
ဘယ်တုံးကမှ အမှန်ဆိုတာ မရှိကြောင်း
ယုံကြည်သွားရတဲ့ အထိ။

လူမျိုးရေးမရှိဘူး
ကိုယ်ကြိုက်တဲ့ ၀တ်ပြုနည်းနဲ့ ဆုတောင်းလို့ရတယ်
ချစ်ခြင်းမေတ္တာမှာတော့
လိုချင်တာလေး တစ်ခုကလွဲလို့
ငါးကြီးကြီးရမှ သဲသဲမည်းမည်းအသည်းစွဲပြတတ်တဲ့ အစားထဲမပါ။

ငွေရှိမှဆို အလာဒင်းလိုပဲ နံရံမှာ ဓာတ်ပုံအပြည့်ကပ်ဖို့ကြိုးစားမှာပေါ့
သစ္စာရှိရတာ မဟန်တယ်။

ဆင်ခြင်တုံတရားကို စွန့်ပစ်လိုက်တော့မယ်
ခံစားရတဲ့အတိုင်း တုံ့ပြန်တာ ပိုအဆင်ပြေတယ်ပေါ့
ထိကရုန်းတွေလို ဟန်ပြမဟုတ်တော့ဘူး
ကိုယ်က ရိုးသားတယ်
ဒါပေမယ့် ခွင့်မလွှတ်တတ်တာခက်။

ကျနော် လဲပြိုသွားတော့ သူတို့ပြုံးကြတယ်..
အားနာနာနဲ့ ပြန်မထဖြစ်တာ အခုထိပဲ
ဒါ
သိပ်ချစ်လွန်းလို့တော့ ဘယ်တုံးကမှမဟုတ်ဘူး။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ