သစ်ရွက်အကြွေ




















စနေနေ့ကတော့ စနေနေ့လိုပဲ
ဘယ်တော့မှ အဖြေမထွက်ဘူး
မိုးကလည်း မတိတ်ဘူး

ကိုယ့်တံခါးကိုယ်ခေါက်ပြီး
ထူးကြည့်တော့လည်း
သေချာတဲ့ မဲတောင်မှ ဗလာ. . .။

ကြမ်းကြားက စိမ့်ဝင်လာတဲ့ လေရယ်
မလုံတဲ့ခေါင်က စီးကျတဲ့ ရေစက်တွေရယ်
ကိုယ်ဟာ ကျည်ဆံတဖွဲဖွဲထဲ ပြေးတက်နေတဲ့
စစ်သည်တော် တစ်ယောက်လိုပဲ
ဦးတည်ရာက ဘယ်မှာလဲ။

ဒီမှာ ဘာစစ်ပွဲမှ မရှိဘဲ
ကိုယ်တစ်ယောက်တည်း ရှုံးနေတာ
ပြောခဲ့သလိုပါပဲ
ကိုယ်ဖျက်ကိုယ်ချိုးတဲ့ဖဲဆိုပေမယ့်
ဘာအပွင့်မှ မတက်ဘူး။

ပြက္ခဒိန်က ဆွဲဆုတ်ထားတဲ့
အတိတ်က နေ့စွဲ တရွက်လို
အဲဒီစနေနေ့ဟာ အဓိပ္ပါယ်မဲ့။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ