‪အပျော်ဖတ်‬

 တောက်ပတဲ့ နေရောင်က
တကိုယ်လုံးလောင်ကျွမ်းနေသလိုလို
ရှင်နေတုံးပဲ . .
ကိုယ်က
Jason Voorhees လား
အသတ်ခံရလိုက် ပြန်ရှင်လာလိုက်နဲ့
ပြီးရင် အသတ်ခံရဖို့
ကိုယ် သတ်ပြရဦးမယ်
တဇာတ်သိမ်းတဲ့အခါ
ယုတ်မာပက်စက်တဲ့ ငနဲကို
သူရဲကောင်းတွေက ဝိုင်းဝန်းသတ်သင်လိုက်ကြ
နောက်ထပ်ဇာတ်လမ်း တခုမစခင်မှာပဲ
စက်ဆုတ်ရွံရှာဖွယ်
ကိုယ်ပြန်နိုးထလာ။
ပရိတ်သတ်ကြီးလည်း ပျော်ရတာပေါ့
ကိုယ့်ကို ထိတ်လန့်ကြ
ကိုယ့်ကို လှောင်ပြောင်ကြ နဲ့
အားလုံးအပျင်းပြေ။


Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ