နယုန်


ဘယ်မှ မရောက်တဲ့ လမ်းပါ

ကိုယ့် စွဲလန်းစိတ်က

မခွဲခွာနိုင်တဲ့ ခြေလှမ်းတွေ။

နယုန် . .

ပေါက္ခရဝဿမိုး

တိုးတိုးလေး ကိုယ့်ရင်မှာရွာပါ။

မနက်ဖြန်ရောက်ရင်

မြက်ခင်း စိမ်းစိမ်းလေးတွေအကြောင်းပြောရအောင် . .

ကိုယ့်ကို ဖုန်းခေါ်ပါ  . .။

နယုန် . .

တိမ်တွေကို မင်းရွေ့ပစ်လိုက်ချိန်မှာပဲ

အိပ်မက်က လန့်နိုးခဲ့တယ်။

ကိုယ်က ဆက်လျှောက်နေမိဆဲ

တစ်ယောက်ထည်း။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ