ဂိမ်း

ပွဲကတော့ imba ပဲ ဘေဘီ
မင်း spell တွေသိပ်ကြမ်းတယ်။

ပြက္ခဒိန်အဆိုရ ဒီနေ့က ပြည်ထောင်စုနေ့ပဲ
ရုပ်နဲ့ စိတ်က မညီညွှတ်ဘူး
သူတို့လည်း 326 စာချုပ်လိုလိမ့်မယ်
နောက်မှ ပြည်တွင်းစစ် ဆက်ဖြစ်ဖြစ်ချင်ဖြစ်ပေါ့။

မင်း Status အသစ် က ဘာများလဲ ဘေဘီ
ဒီနေရာမှာ ကိုယ်လိုင်းမမိဘူး။
မနက်ဖြန်ဟာ ဦးအောင်ဆန်းမွေးနေ့ဖြစ်ပြီး
သဘက်ခါဟာ ချစ်သူများနေ့ဖြစ်တယ်
ကိုယ်မီးရှို့ပစ်လိုက်တာလည်း ချော့ကလက်တစ်ခု ဖြစ်မနေဘူး။

မင်းပို့တဲ့ Msg မှာ Fool တစ်လုံးပဲ ကိုယ်မြင်ရတယ်
Tarot မှာ သူ့ နံပါတ်က သုည
အဓိပ္ပါယ်အရ ကိုယ်ဟာ မင်းနှလုံးသားဆီ ခရီးသွားနေဆဲ။
ခွေးလေး တစ်ကောင်လည်း ပါချင်ပါလိမ့်မယ်။

မျက်လုံးကို ဖွင့်ကြည့်လိုက်တော့
ကိုယ်မြင်ရတာ စေးပြစ်စွေးနီနေတဲ့ ၀ိုင်တစ်ခွက်။
ခဏလေး ဘေဘီ . . .
cooldown ပြည့်ရင် ပြန်ထွက်ခဲ့မယ်။
အခုတော့ . . .
ကိုယ်သေနေတုံးပဲ။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ