အရိပ် ဇာတ်လမ်း


မိုက်မဲစွာ ကျိန်ဆဲနည်းများကို
ဘယ်တုံးကမှ မသင်ကြားခဲ့ရပေမယ့်
ငါတို့ ကျွမ်းကျင်ကြတယ် . . .
ငါတို့ချစ်တတ်ခဲ့ကြသလိုပေါ့။

မြို့ဆီကနေ
လမ်းကလေးကထွက်ပြေးသွားတယ် . . .
သူ့ကိုခြေရာခံဖို့မလိုအပ်ပေမယ့်
သူ့ကို နင်းလျှောက်ရင်းပဲ ငါထွက်ပြေးခဲ့ရပြန်တယ်..
ကျေးဇူးပြု၍ ငါ့ကိုတယ်လီဖုံးမခေါ်ပါနဲ့

နင်ဟာ ငါ့ရဲ့မှားယွင်းမှုတစ်ခုဆိုရင်လည်း
နင်ဟာ ငါ့ဘ၀ထဲကပဲဖြစ်တယ် . .
အဲသည့်နေ့က ငါနင့်ကိုချစ်တယ်ဆိုတဲ့ စကားလုံး
ရေပြင်ပေါ် နမော်နမဲ့ ပြုတ်ကျသွားတာ ငါပြန်မြင်မိတယ်.

ဒါဟာ အဆုံးသတ်ဆိုပါတော့
နောက်တစ်ကြိမ်ပြန်စဖို့ ငါအမြဲမျှော်လင့်နေမိတယ်...။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ