လွမ်းနေမိတယ်



တွေဝေနေမိတော့ သူကမေးတယ် . .
. . . . . . . . . . . . . .
လွမ်းဆွတ်တတ်သူတွေနဲ့ အနေနီးခဲ့လို့ဖြစ်မယ်
ကိုယ်လည်း လွမ်းနေမိတယ်။

လမ်းခွဲသွားတဲ့ သူ့ကို
မဟုတ်ရသလို
ချစ်လျက်နဲ့ဝေးခဲ့ရသူကိုလည်း
မဟုတ်ရပါဘူး
ပိုင်ဆိုင်ဖူး ဆုံးရှုံးဖူးမှ လွမ်းရတာလည်း
မဟုတ်ရပြန်ဘူးကွယ်။

ဘယ်တုံးကမှမရှိဖူးတဲ့ စိတ်ကူးလေးတစ်ခုလိုပေါ့
ဘယ်လို ပြောပြရမယ် ကိုယ်မသိခဲ့ဘူး။

ဘဝမှာ ကြယ်ကလေး တစ်စင်းခူးဖူးတယ်
နောက်ထပ် ဖူးပွင့်လာဦးမယ် အထင်နဲ့။
အဲသည်ကစ
သည်းသည်းမည်းမည်း မှောင်မိုက်နေတဲ့ ညတွေနဲ့
အချိန်ရှိတိုင်းလွမ်းနေရတော့တာပါပဲ။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ