မလွတ်မြောက်ခြင်း အိပ်မက်



လွင့်ထွက်သွားမှာစိုး
အားကိုးတကြီး ဆုပ်ကိုင်ထားမိတဲ့ လက်ဖ၀ါးထဲ
ကိုယ်မြင်ရတာ ဓားသွားချည်းသက်သက်။

မိုက်မဲတဲ့ စိတ်ကူးဟာ
ရူးသွပ်နာကျင်နေတဲ့ ဦးခေါင်းထဲ
ခုန်ပေါက် အော်ဟစ်နေဆဲ . . .။

ငါလွှတ်ချလိုက်တော့မယ်
တူရှု့မှာ တိမ်တွေမြင်ရတယ်
နောက်ကျောမှာ ဘာရှိမှာလဲ . . .

ဒါအဆုံးသတ်သွားရင်
ငါ အဆုံးသတ်သွားမှာလား . . .
ဒုက္ခတော်တော်များများဟာ
ပြန်ပြောပြခွင့်ရှိတဲ့ အခါမျိုးမှာတော့
ခမ်းနားတဲ့ ဒဏ္ဍာရီတွေပဲ။

အဲသည့်အခိုက်အတံ့တုံးက
တွေးမိတယ်..
မနက်ဖြန် ဆိုတဲ့ စကားလုံးလှလှလေးကိုပဲ
ဒါကို မျှော်လင့်ခြင်းလို့ အမည်တပ်ခဲ့တယ် . . .။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ