အတောင် မစိုစွတ်ဘူးဆိုပေမယ့်
မိုးခိုရာရှာနေမိတဲ့ ငှက်တစ်ကောင်လိုပဲ
နေရောင်ကိုကာကွယ်ခဲ့သော်လည်း
ရေမလုံတဲ့ သစ်ပင်တွေဟာ သစ္စာမဲ့တယ် မဆိုရာ. . .။
ပျော်အောင်ကြိုးစားနေပါဆိုတဲ့ စကားဟာ
စစ်ပွဲကြားက အသက်တစ်ချောင်းအတွက်
မိုးကြိုးကို ကာစရာထန်းလက်ပမာ
သေနတ်ကို လွှတ်ချလိုက်ရုံနဲ့
ငြိမ်းချမ်းရေး ရပါ့မလား. . . ။
ထွက်သွားတဲ့ ရထားနဲ့ နေခဲ့ရတဲ့ ခရီးသည်ကြားက
ကွာခြားချက်က ဘာများလဲ။
လက်တွေ့ဘဝနဲ့ အိပ်မက်ဆိုးကတော့
ထမ်းပိုးနဲ့ လှည်းတုတ်လိုပဲ အချစ်ရယ်
ဒီအချိန်မှာ ငရဲကို ရွေးချယ်သွားသူတွေက သူရဲကောင်းပဲ. . . ။
No comments:
Post a Comment