အလွမ်းဟာ
ကျွန်တော်ခုခံကာကွယ်နည်းမတတ်တဲ့
ထိုးနှက်ချက်ပေါ့
အိမ်ရှေ့ ခေါင်းလောင်းကြိုးကလေးကတောင်
သူ့ကို တချွင်ချွင်လှူပ်ခါမယ့်
သူမ လက်ချောင်းကလေးတွေကို တမ်းတသတဲ့။
ဘ၀မှ အပေါင်း အနှုတ်တွေများခဲ့ပေမယ့်
သူမက ကျွန်တော့်ဟန်ချက်ညီမျှမှုတွေကို ချိုးဖျက်သွားတဲ့
နွေအိပ်မက် . . .
ဘယ်တော့မှ ပြန်မထွက်သွားဘူးလို့
သဘောတူညီမထားခဲ့ . .
ဘာယ်တော့မှ ပြန်ရောက်မလာတော့ပါဘူးလို့လည်း
မပြောထားခဲ့ရက်သား . . .နဲ့
အခု ညီမလေးက ဘယ်မြို့မှာ သာနေတဲ့ လတစ်စင်းလဲ . . .