Saturday, February 16, 2013

ပျော်ရွှင်ခြင်း အဓိပ္ပါယ်


ငါ့စိတ်နောက်ကို ငါလိုက်ခဲ့တာပဲ
ငါပျော်ရွှင်နေတယ် ထင်ရင် မှားမယ်။

ချစ်ကျွမ်းဝင်ခဲ့ပြီးနောက်
လမ်းခွဲပြီးနောက်
ပြန်ဆုံတွေ့ပြီးနောက်
တမြေစီဝေးခဲ့ပြီးနောက်
အတူတူနေခဲ့ပြီးနောက်
ခါးခါးသီးသီးမုန်းတီးခဲ့ပြီးနောက်
ဘယ်အဖြစ်အပျက်နောက်မှာပဲဖြစ်ဖြစ်ကွာ
ငါပျော်ရွှင်နေတယ် ထင်ရင် မှားတာချည်းပဲ . . .

ငါကျဆုံးတယ်
ကိုယ့်ကိုယ်ကိုယ်ပြန်ကောက်ပြီး
ခပ်တည်တည်လှည့်ထွက်ခဲ့တာပဲ
ငါပျော်ရွှင်နေတယ် ထင်ရင် မှားနေသေးတယ်။

အဲသည့်နေ့က
မနက်စောစော အဝေးကပြန်ရောက်လာတော့
မင်းအိပ်ပျော်နေတယ်
မှုန်ပြပြ အလင်းအောက်မှာ
ရုတ်တရက်လန့်နိုးလာတဲ့ မင်းမျက်နှာ. . .။

ငါပျော်ရွှင်နေတယ် ထင်ရင်
မင်း မှားတယ်။
အဖြစ်အပျက်အားလုံးအတွက်
ငါဘယ်တုံးကမှ
ဝမ်းမနည်းခဲ့တာတော့ အမှန်ပဲ။
Continue Reading...

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *