Wednesday, November 13, 2013

နံနက်ခင်း

သိစိတ်မတိုင်ခင်
ဒဏ်ရာ က အရင်နိုးနှင့်တယ်။
ကုန်ဆုံးသွားတဲ့ မနေ့က ဟာ
မနက်ဖြန်မှာကြိုစောင့် နေဦးမှာပဲ။

ကြည့်မှန်ထဲ မြင်နေရတဲ့အပြုံးမှာလည်း
အမုန်းတွေနဲ့ခါးသက်နေဆဲ။
စစ်ပွဲသွားဖို့ မရှိတဲ့အတွက်
မြှားတွေကို သတိမထားမိခဲ့တဲ့ အားနည်းချက်ပဲကွယ်
အခုတော့
စစ်ရှုံးသွားတဲ့အတွက် မြင်းခွာတွေကိုပဲ
အပြစ်ဖို့လိုက်ရသတဲ့။

ညက ကုန်ဆုံးသွားပေမယ့်
အမှောင်က အဆုံးမသတ်တဲ့ ပြဿနာတစ်ခုရှိနေတယ် . . .
ဒီမှာ။
Continue Reading...

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *