အဆက်စပ်မရှိ
သူစပြောတယ် .. . .
ကွန်မြူနစ်တွေကိုမုန်းတာ
ရေပေါ်ဆီတွေကိုမုန်းတာ
ဒီမိုကရက်တစ်တွေကိုမုန်းတာ
သူတော်တော်များများ မုန်းနေပြီဆိုတော့
ကိုယ့်ကိုတော့ ချစ်ကောင်းချစ်နိုင်မှာပါလေ..
ဆက်တိုက်နိုင်နေတဲ့အသင်း တပွဲတော့ ကျရတော့မပေါ့.။
နားထောင်နေလား
သူထပ်မေးတယ် . . .
အကြည့်တည့်တည့်မှာ သူ့မျက်ဝန်းရှိတယ်
သူ့ကိုကျော်ကြည့်မိတော့
ကိုယ်ဘာမှ မမြင်မိဘူး။
စကားလုံးတွေ ကြီးလာလေလေ
ကိုယ့်ရဲ့ သူ့နှုတ်ခမ်းတွေအပေါ်
စိတ်ဝင်စားမှုက ပြင်းထန်လေလေပဲ
ဒါနိုင်ငံရေးမဟုတ်တဲ့အတွက်
ပရိယာယ်များများမလို
ဒါအသွင်ကူးပြောင်းချိန်မဟုတ်တဲ့အတွက်
တဖက်နဲ့ တဖက် သိပ်များများငဲ့ကွက်စရာမလို
ဆုံးဖြတ်ချက် တင်းတင်းချလိုက်တယ်
သည်နေ့အဖို့
စာအုပ်တစ်အုပ်ထက် မုန့်တစ်ခုပဲပိုလိုအပ်တယ်
သူမရဲ့ ရနံ့ကတော့
သစ်သီးတစ်လုံးနဲ့ ပိုတူတယ်ဆိုပါတော့။
သူစပြောတယ် .. . .
ကွန်မြူနစ်တွေကိုမုန်းတာ
ရေပေါ်ဆီတွေကိုမုန်းတာ
ဒီမိုကရက်တစ်တွေကိုမုန်းတာ
သူတော်တော်များများ မုန်းနေပြီဆိုတော့
ကိုယ့်ကိုတော့ ချစ်ကောင်းချစ်နိုင်မှာပါလေ..
ဆက်တိုက်နိုင်နေတဲ့အသင်း တပွဲတော့ ကျရတော့မပေါ့.။
နားထောင်နေလား
သူထပ်မေးတယ် . . .
အကြည့်တည့်တည့်မှာ သူ့မျက်ဝန်းရှိတယ်
သူ့ကိုကျော်ကြည့်မိတော့
ကိုယ်ဘာမှ မမြင်မိဘူး။
စကားလုံးတွေ ကြီးလာလေလေ
ကိုယ့်ရဲ့ သူ့နှုတ်ခမ်းတွေအပေါ်
စိတ်ဝင်စားမှုက ပြင်းထန်လေလေပဲ
ဒါနိုင်ငံရေးမဟုတ်တဲ့အတွက်
ပရိယာယ်များများမလို
ဒါအသွင်ကူးပြောင်းချိန်မဟုတ်တဲ့အတွက်
တဖက်နဲ့ တဖက် သိပ်များများငဲ့ကွက်စရာမလို
ဆုံးဖြတ်ချက် တင်းတင်းချလိုက်တယ်
သည်နေ့အဖို့
စာအုပ်တစ်အုပ်ထက် မုန့်တစ်ခုပဲပိုလိုအပ်တယ်
သူမရဲ့ ရနံ့ကတော့
သစ်သီးတစ်လုံးနဲ့ ပိုတူတယ်ဆိုပါတော့။