Thursday, February 12, 2015

အမည်မရှိတဲ့ လရောင်အာက်မှာ

Share it Please
 ခွဲရပြီ ဆိုကတည်းက
ဒဏ်ရာပဲပေါ့။
စွယ်တော်ရွက်ကလေးလိုပဲ
ဒီအဖြစ်မှာ သွေးစိမ်းရှင်ရှင် တော့ ဘယ်မြင်ရပါ့မလဲ။

ဒဏ်ရာကျက်တော့ ပြန်ဆက်မှာလား ကွယ်
ကိုယ်က သက်မဲ့မဟုတ်တော့
ပဲ့ထွက်သွားတဲ့အခြမ်းလေးမြင်တိုင်း
စိတ်ထဲ တဆတ်ဆတ်နာတယ်။

မျှော်လင့်ဖူးခဲ့သမျှ
ရေပြင်ထက် က အရိပ်ကြယ်။



No comments:

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *