Wednesday, February 20, 2013

သူ့ကို . . .



အခန်းထဲ အပြည့်
အသဲကွဲသီချင်း . . .

စွန့်လွှတ် ဆုံးရှုံး .. အစချီ
ရှိရှိသမျှ လမ်းခွဲစကားလုံးတွေနဲ့
မသက်ဆိုင်
ငါမပိုင်ဆိုင်ခြင်း တစ်ခုတည်းကိုပဲ
ငါပိုင်ဆိုင်နေရတာ ပြန်ဝမ်းနည်း
ကြေကွဲရုံသက်သက် . . ။

ရီဝေေ၀ အကြည့်တွေမမေ့ခဲ့ဘူး
မင်း သိပ်မူးနေပြီလား အချစ် . .
တကယ်က ကိုယ်မမေးမိဘူး . . .။

သူ့ထွက်သက်ကလေးကို
ရှိုက်သွင်းကျေနပ်
ဇာတ်လမ်းတလျှောက် ငါအစွဲလန်းဆုံးကို
ငါမသိ . .မသိခြင်းကိုတောင်
အဓိပ္ပါယ်ဖွင့်ဖို့ ငါမသိခဲ့။

သိပ်နွေးထွေးတဲ့ စာမျက်နှာ
သူ့ကို စိမ့်စိမ့်ဖတ်ရှုကျေနပ်ရတာက၊
တဖက်သတ်တဲ့ . .
သည်လိုပဲ ငါကျေနပ်နေလိုက်တော့တယ်။

Continue Reading...

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *