Friday, August 18, 2017

ပင်လယ်ထဲမှာ

Share it Please

 ဒါဟာ
မောင်းချဓားတစ်လက်ရဲ့ အိပ်မက်ပါ။
သေနတ်တစ်လက်ရဲ့ အတွေးပါ
ဓားတစ်စင်းရဲ့ ပင့်သက်ပါ
ကြိုးစင်ဆီတက်တဲ့လှေကားဆီက ခြေသံများပါ။
ဒါဟာ
မုန်းတီးမှုတွေကို မုန်းတီးနေတဲ့ အမုန်းပါ
ချစ်ခြင်းမေတ္တာ အမှောင်ခြမ်းဆီက ခေါ်သံပါ
ဝံပုလွေတွေခြုံဖို့ ချုပ်ထားတဲ့သိုးရေ ဝတ်စုံပါ
သွားလမ်းသာစဉ် ရွာချခဲ့တဲ့ ဆူးမိုးသက်သက်ပါ
ဒါဟာ
ရှင်သန်ခြင်းကို ခါးသီးနေတဲ့ လူတစ်ယောက်ဆီက
စာတစ်စောင်ပါ။
ပျော်ရွှင်ခြင်းကို ပေးရန်လို့
ခေါင်းစဉ်တပ်ထားပေမယ့်
လိပ်စာ ပါမလာခဲ့။


No comments:

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *