စေ့ထားတဲ့ တံခါးပဲ
ခွန်အားတွေကုန်ဆုံးသွားတဲ့အထိ
ကိုယ်တွန်းကြည့်တယ်
ပွင့်မလာခဲ့ဘူး။
ရပ်စောင့်နေမယ် ဆိုခဲ့တာပဲ
လမ်းတွေသာ ပျောက်ရှသွားတယ်
ကိုယ်ရောက်အောင်သွားနိုင့်မယ့်
တည်နေရာ ရှာမရခဲ့ဘူး။
ပေးကားပေး၍ မရ ဆိုသလို
သူ့ရယ်သံတွ ကိုယ်မကြားရဘူး
ကိုယ့်အပြုံးတွေ သူမမြင်ရဘူး
အကြင်နာ ထက် အမုန်းတွေများလာတာသာရှိတယ်
မျဉ်းနှစ်ကြောင်းမဆုံဖြစ်ခဲ့ဘူး။
အကြောင်းပြချက်ကို ကိုယ်မသိဘူး
တခါတရံထက်ပိုတဲ့ အိပ်မက်တွေမက်ရင်း
နိုးတဝက်နာကျင်ကုန်ဆုံးခဲ့ရတဲ့ ညတွေရှိတယ်
အဆုံးသတ်ကို မမှတ်မိခဲ့ဘူး
ပြောဖြစ်တဲ့ စကားတွေက အများကြီးပဲ
အဓိပ္ပါယ်တစ်စုံတရာမပါခဲ့ဘူး
ကိုယ် သေဆုံးသွားခဲ့ရင် သူ့ကြောင့်လို့မဆိုပါနဲ့
ဒီလိုမေတ္တာမျိုးထဲမှာ လှော်ရင်းနစ်ခဲ့ရတယ်
အချစ်တဲ့။
No comments:
Post a Comment