Friday, June 21, 2024

အဝေးမှာ

Share it Please

 ဘယ်လိုများစကား စရပါ့မလဲ
ရိပ်ခနဲမြင်ရလေမလား
မျှော်ငေးနေကျ တံခါးလေးရှိခဲ့တယ်
မိုးရာသီဆို အသည်းကွဲနေကျ

အပြင်မှာ ကမ္ဘာပျက်နေလည်း
ရင်ထဲက မီးတောက်လေး ငြိမ်းသွားမှာ
ပူပန်နေတဲ့သူ ကိုယ်ပဲကွယ်
ကိုယ့် အထွာနဲ့ ကိုယ်ပဲပေါ့
ဆုံးရှုံးရသမျှ နာကျင်မှုက အတူတူ။

တခုခုဆို ပင်လယ်ကြီးဆီပြေးသွားချင်တယ်
ရေပြင်ကြီးကို မမြင်ဖူးတဲ့ကလေးလေးလို
သောကတွေ မေ့လျှော့ ဆော့ကစားနေချင်မိတယ်။
ဒါမှ မဟုတ်ရင်လည်း
ပါဆစ်ဘစ်ရှယ်လီလို လှေကလေး တစ်စင်းနဲ့
ပျောက်ဆုံးသွားလိုက်ချင်တော့တယ်။

No comments:

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *