သိလျက်နဲ့ တကွက်ချင်းရွေ့နေရတဲ့ နယ်ရုပ်ကလေးရေ
မင်းက ယုံနေတုံးလား
ဘဝတခုလုံးပစ်ထည့်လောင်ကျွမ်းပေးတာနဲ့
မီးသင့်ငှက်တွေလို အသစ်တဖန်ပြန်သစ်မယ်
မင်း ထင်နေသေးတယ် မဟုတ်လား
ကစားပွဲကအချိန်မလောက်တော့ဘူး
ဆွဲဆောင်မှုတွေနောက်လိုက်ရင်းက့ မှီမလို လိုနဲ့ တန်ဖိုးတက်သွား
အချစ်ဟာ အချစ်မဟုတ်တော့ချိန်မှာ ငါတို့အားလုံး
အဆိပ်ကို မြိန်ယှက်စွာနဲ့ အိပ်မက် အသေတွေမက်ပြီး
ရင်ခုန်နေတဲ့ ရုပ်အလောင်းတွေဖြစ်လာသတဲ့။
ပါဝင်သူတွေ ကွယ်လွန်ပြီးလဲ
ပုံပြင်ဟာရှင်သန်နေဆဲ
No comments:
Post a Comment