Saturday, October 15, 2016

ကျိန်စာ

 သိလျက်​နဲ့ တကွက်​ချင်​း​ရွေ့​နေရတဲ့ နယ်​ရုပ်​က​လေး​ရေ
မင်​းက ယုံ​နေတုံးလား
ဘဝတခုလုံးပစ်​ထည်​့​လောင်​ကျွမ်​း​ပေးတာနဲ့
မီးသင်​့ငှက်​​တွေလို အသစ်​တဖန်​ပြန်​သစ်​မယ်​
မင်​း ထင်​​နေ​သေးတယ်​ မဟုတ်လား

ကစားပွဲကအချိန်​မ​လောက်​​တော့ဘူး
ဆွဲ​ဆောင်မ​ှု​တွေ​နောက်​လိုက်​ရင်​းက့ မှီမလို လိုနဲ့ တန်​ဖိုးတက်​သွား
အချစ်​ဟာ အချစ်​မဟုတ်​​တော့ချိန်​မှာ ငါတို့အားလုံး
အဆိပ်​ကို မြိန်​ယှက်​စွာနဲ့ အိပ်​မက်​ အ​သေ​တွေမက်​ပြီး
ရင်​ခုန်​​နေတဲ့ ရုပ်​အ​လောင်​း​တွေဖြစ်​လာသတဲ့။
ပါဝင်သူ​တွေ ကွယ်လွန်​ပြီးလဲ
ပုံပြင်​ဟာရှင်​သန်​​နေဆဲ



Continue Reading...

Thursday, January 28, 2016

လက်ရှိရည်းစားဖတ်ဖို့ အချစ်ကဗျာ

 ပြောင်းလဲချိန်တန်ပြီတဲ့ အချစ်
ပြောကြည့်
မင်း အဆင်သင့်ဖြစ်ရဲ့လား

ဆရာဝန်ကြီးလား
စစ်ဗိုလ်ကြီးလား
ဆိုရှယ်လစ်ခေတ်တုံး မင်းသားတွေဆိုပေမယ့်
ကြည့်ရတာ သူတို့အတွက်လည်း
ခေတ်ကောင်း ဟုတ်ပုံမရဘူး
ထားလိုက်တော့ မင်းဘာဖြစ်ချင်လဲ
ကိုယ် မမေးလို။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားလျှက်
မင်းက ခွဲထွက်မှာလား
Viber က ပစ်မယ်
messenger က ပစ်မယ်
MPT နဲ့ ရန်ဖြစ်မယ်
OOREDOO နဲ့ ပြန်ချစ်မယ်
TELENOR နဲ့ ထပ်ပြီး ရစ်မယ်
စစ်ပွဲကြာငြောင်းလေလေ
လက်နက်ကုန်သည်လို
Operator တွေ ကောင်းစားလေလေ
ပိုင်ဆိုင်မှုရောင်းချပြီး ဦးအောင်မင်းလိုများ
တစ်ယောက်ယောက်က
 ငြိမ်းချမ်းရေးကိုယ်စားလှယ်လုပ်ပေးမလား
ဆုတောင်းဖူးတယ်။

အချစ်
အနာဂတ်ခေါင်းစဉ်အောက်မှာ
ကိုယ် အလုပ်သိပ်များတယ်
သတင်းသမားတွေလို မနက်ဖြန်ကိစ္စ
အခုသိချင်တာလား
ခဏလေးစောင့်ပါဦးလား
ဝန်ကြီးချုပ် နေရာထက်
လူထုလက်ခံဖို့ လိုတာ မျက်ကွယ်ပြုရင်း
တောကြောင်တွေ အလိုကျ
ဒေါက်တာအေးမောင်လို
စိတ်ကောက်ချင်ယောက်ဆောင်ပြီး
တစင်ထောင်နေရပြန်တာလား
ခဏလေးပါကွာ . . .

ရှစ်ပြည်နယ် ဖက်ဒရယ် ဘယ်ခေါင်းစဉ်နဲ့လာလာ
လူ့အခွင့်အရေး ဒီမိုကရေစီ ဘာပဲဖြစ်ဖြစ်။
အုပ်ချုပ်သူတွေက မြောက်ကိုရီးယားကို အားကျပြီး
ပြည်သူတွေက စင်္ကာပူလိုဖြစ်ချင်နေတဲ့
မြန်မာ့ဒီမိုကရေစီ အူကြောင်ကြောင်နွေဦးလို
မင်းက ကိုယ့်ကို ချစ်တာများလား

အသံအကျယ်ကြီး မြည်တဲ့
ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဖို့ထက်
အာဏာရှင်ကြောင့် ချမ်းသာသွားတဲ့
ပင်လယ်ဓားပြဆိပ်ကမ်း လိုဆိုလည်း
တခုမှ လိုရင်းနဲ့ မတည့်ကြောင်း
မင်းသိဖို့မလိုဘူး ထင်နေတုံးလား။

အပြန်အလှန်နားလည်မှုဆိုတာက
တည်ဆောက်ဖို့အချစ်ရဲ့
မင်းမြင်ဖူးတဲ့ ဒိုဇာတွေ ဘက်ဟိုးတွေလို
တောင်တန်းတွေဖြိုရောင်းဖို့
နွေးထွေးမှုတွေမောင်းထုတ်ဖို့
ယုံကြည်မှုတွေ ဖျက်ဆီးဖို့ မလုပ်ကောင်း တာအမှန်။

စိုင်းစိိုုင်းခမ်းလှိုင် ငြီးငြူသလို
နားမလည်ဘူး နားမလည်ဘူး ဆိုပြီး
ပြန်ထွက်သွားဖို့ က
ဒီနေရာမှာ မလွယ်လှဘူး။
ဒါမြန်မာပြည် လိုပဲ သိလား
ထောင်ဆိုတာ အတိုက်အခံ အတွက်ပဲထားတာ။
အချစ်မှာ လွတ်ငြိ်မ်းချမ်းသာအတွက် မျှော်လင့်ချက်မရှိ။
မင်းက တရုတ်ကလာတဲ့ သစ်သူခိုးလည်း ဖြစ်မှ မဖြစ်ခဲ့တာ။



Continue Reading...

Friday, January 15, 2016

နယ်နမိတ်များ

 လွမ်းတယ် ဒါပဲ
ဖွဲ့နွဲ့နေရင် ဖြစ်စဉ်ကို ဖော်ပြနိုင်ဖို့ခက်ခဲ

ပြန်မလှည့်မိအောင် ထိန်းထားတဲ့ သူ့ စိတ်နဲ့
ပြေးမလိုက်မိအောင် ထိန်းထားတဲ့ ကိုယ့်ကိုယ် တို့
အပြန်အလှန်နားလည်မှုရ
ပင်အိုလို လဲပြိုကျန်ရစ်တဲ့ ကိုယ့်စိတ်နဲ့
ရွက်ကြွေလို လွင့်သွားတဲ့ သူ့ကိုယ်တို့
အပြန်အလှန် အပြစ်တင်ပြောဆိုနေကြ

ကိုယ်တို့ ခွဲနေရဆဲ။

Continue Reading...

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *