Wednesday, December 09, 2015

တခန်းရပ်

Share it Please
 မထင်နဲ့ မထင်နဲ့
ဘယ်လိုမှ မထင်နဲ့
အောက်ဖဲက
ဘုရင်လည်းမဟုတ်
သံလျက်လည်းမဟုတ်
နောက်တလှည့် ဝေတဲ့အခါ
အိမ်ရှေ့မင်းဖြစ်ဖို့
မျှော်လင့်တဲ့ အထဲလည်းမပါဘူး။
ရုပ်တည်တိုင်း ဆရာမကျဘူး
ဂျိုကာ သုံးချပ်ဆင့်တက်လည်း ဒေါင်းမယ့် အထာမရှိဘူး
ကလားသုံးကောင်ထက်ကြီးတဲ့
ဆင်သုံးကောင်ဆိုတာမျိုး ခေါ်ပြနိုင်တဲ့
ဇာတာလည်းမပါဘူး။
ငါက
ဗလမရှိ ဇမရှိကောင်ပဲ
အရင် တခါလာ ကြောင်တဲ့ တယောက်လို
ကိုယ့်ကိုယ်ကိုယ် ရောင်းချနည်းကောင်းကောင်းလည်း
မတတ်ဘူး
မင်းရည်းစားဦးလောက်လည်း
ရေကို ရုပ်ပေါက်အောင် မရှာတတ်ဘူး။
ထမင်းအငတ်ခံနိုင်တာနဲ့
ဘစ်စကားပေါ်အိပ်ပြနိုင်တာမျိုးတွေထက် ဆနိးပြားတာ
ငါ့မှာ မပါဘူး။
ဘာကြောင့် ချစ်လဲမမေးနဲ့
တစ်ယောက်ထည်းမနေရဲလို့လည်း မဟုတ်ဘူး
လိင်ဆွဲဆောင်မှုကြောင့်လည်းမဟုတ်ဘူး
ပျော်ရွှင်မှု ကျေနပ်မှု
ဘာဆိုဘာအတွက်မှ မဟုတ်ဘူး
နတ်သမီးပုံပြင်ထဲက
စကားလုံးပတ်ချွဲနှပ်ချွဲတွေနဲ့လည်း
ပြောပြစရာတခုမှ မရှိဘူး။
ငါ့ ကိုယ်ငါ ချစ်လားတောင်မသိဘူး
မင်းချစ်တာ လိုချင်လို့ပါဆို
နည်းနည်းများမလား။
ထားခဲ့ရင်လည်း
လူကလွဲပြီး အကုန်ပြန်ယူသွား
အနမ်း အလွမ်း အမှတ်တရ အစရှိသဖြင့်
အကုန်ယူသွား
အခန်းထောင့်က အန်ဖတ်တွေ ကလွဲလို့။
မငိုနဲ့
နောင်တမရနဲ့
အချစ်က ကျိန်စာ တို့ ဝဋ်ကြွေးတို့
ကိုယ့်အတွက် အလုပ်မဖြစ်တိုင်း
ပေါကိကရတံဆိပ်မကပ်နဲ့
အချစ်တွေ
နောက်ထပ်လာဦးမှာ
မိတ်ပျက်သွားရင်မခက်လား။
ေဩာ် မေ့လို့
ဒါက
မင်းကိုပြောနေတာလို့ ထင်ပြီး
တုံ့ပြနိဖို့လည်း မပြင်နဲ့။
ငါ့ကိုယ်ငါ ဆုံးမနေတာ။
ကဲ ရဲရဲဝံ့ဝံ့ သွား
အခန်းတံခါး ကို သော့ပြန်ခတ်ပေးခဲ့ရင်ရပြီ။

No comments:

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *