Sunday, December 13, 2015

‪‎ပုစ္ဆာ‬

Share it Please
 ကံကောင်းရင် တစ်ခုခုရမယ်ဆိုတဲ့ မက်လုံးလေးရှိတယ်
အရုပ်အသစ်ကလေးတွေအတွက်
အိမ်အောက်ထဲက
အရုပ်ဟောင်းလေးတွေ ကို စတေးခဲ့။
ကိုယ် မရွေးတစ်ထုပ်ရခဲ့ဖူးတယ်။
အရုပ်သည် ကြီးက ပြောတယ်
မင်း သိပ်ကံကောင်းတဲ့ကောင်ပဲကွ ဒီမရွေးက သိပ်ဈေးကြီးတာ..
ငါ့ ဆီကအကောင်းဆုံး အရုပ်နဲ့တောင် မလဲဘူး
ဒါအမှန်ပဲ . .
စဉ်းစားကြည့်
ဘယ်သူက ဒီမရွေး ဆယ်ပြာတန် အစုတ်အပြတ်နဲ့
တစ်ကျပ်တန် အရုပ်လဲမှာလဲ . . .
ကိုယ်ရဲ့ မသိသားဆိုရွားပုံများပေါ့။
ကိုယ် လှည့်လိုက်တော့
လေယာဉ်ပျံလေးက မရွေးထုပ်ဆီပဲ ရောက်သွားတယ်
ကလေးတွေက ဟေးကနဲ အော်ကြတယ်
မရွေးတွေ အတူတူဝေစားကြတယ်။
တခါတလေ
ကံကြမ္မာကောင်းဆိုတာ . . .
ပျော်ရွှင်စေတဲ့ လိမ်လည်မှု တမျိုးလည်း ဖြစ်နိုင်တယ်။
အဖိုးအခတော့ ရှိတာပေါ့။
သူကကိုယ့် ကို ပြောတယ်
ကျမ ရှင့်ကို အရမ်းချစ်ခဲ့တယ်။ ရှင် က ညာနေတာပဲ
ဒါနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရတယ် လို့
ကိုယ် နားမလည်ဘူး
တကယ်ချစ်ခဲ့တယ် ဆိုတဲ့ သူမက လမ်းခွဲစကားပြောနေပြီး
ညာနေတဲ့ ကိုယ် က ဘာလို့များ တားဆီးနေမိတာပါလိမ့်။
မရွေးထုပ်ကလေးကိုင်ပြီး ကိုယ်ထွက်မသွားချင်ပါဘူး
ဒီကစားပွဲထဲမှာ လည်း
နှလုံးသားကို လွယ်လွယ်မထားရက်ခဲ့ချင်ပါဘူး။
ငယ်ငယ်ကလို
ဘာရရတန်တယ် မတွေးဘဲ
အရုပ်သည်ကို လိုချင်မိတော့
ခက်ရတာ . . .။


No comments:

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *