ဂရင့်ချ်က
ရေဆူဆေးပြားတွေကို ဖွက်ထားတယ်။
တကယ်တော့
ကိုယ်ရခဲ့တဲ့ ခရစ္စမတ်လက်ဆောင်ဟာ
ပန်းနုရောင် လက်ချောင်းသွယ်သွယ်လေးတွေပဲ။
အေးစက်ခြင်းမှာပဲ နွေးထွေးခဲ့ . . .
သွေးအေးရင်းနဲ့ပဲ ရင်ခုန်မြန်ခဲ့ . . .
နာရီလက်တံတွေ ရွေ့လျှားနှုန်းဟာ
ညနေဆို တသတ်မှတ်ထည်း ရှိတော့ပုံမရ။
ကိုယ် ဗီတာမင်စီ လိုတယ်
ကိုယ် ဆေးလိပ်လျှော့ သောက်ဖို့လိုတယ်
ကိုယ် အချိန်နည်းနည်းပိုအိပ်ဖို့လိုတယ်
မစ္စတာ စန်တာ . . .
ကျနော် မကျန်းမာဘူး . . .
မကြာခင်ကလေးတင် လှည့်ထွက်သွားတာဖြစ်ပေမယ့်
သူ့ကို လွမ်းတဲ့ အလွမ်းက အခန်းအပြည့်။
No comments:
Post a Comment