Sunday, April 07, 2013

ဘဝ

Share it Please
အခုအိပ်မက်ထဲမှာလား
ငါပြန်မနိုးချင်ဘူး...

ဘယ်ရောက်နေတာလဲ ..
သည်အမေးကို ဖြေဖို့ ကိုယ့်ကိုယ်ကိုယ် မြေပုံမှာ ရှာမတွေ့ဘူး

သူ .. ခွဲခွာသွားပုံကို မမြင်ရဲသမို့
ကိုယ်လိုက်မပို့ဖြစ်ခဲ့ဘူး

အခုနိုးထနေတာလား
ငါပြန်မအိပ်ချင်ဘူး

ကိုယ်ရောက်နေတဲ့ နေရာဟာ
သူ့မြေပုံမှာ မရှိဘူး . . .
ကိုယ်ဘယ်မှာလဲလို့ သူလိုက်မရှာခဲ့ဘူး

ဆိုက်ရောက်လာခဲ့စဉ်မှာ ကြိုဆိုခဲ့ပေမယ့်
ကိုယ်နှလုံးသားမှာ အခြေချဖို့ သူ့မှာ ဆန္ဒမရှိတော့ဘူး။

အစွဲအလန်းကြီးလွန်းတယ်.
အပြောင်းအလဲတွေမလိုချင်ဘူး
မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတဲ့နောက်
အစဉ်အလာကို ဆက်လက်ဆုပ်ကိုင်ဖို့ အလိုမရှိတော့ဘူး။

ချစ်ခဲ့မိတာလား . .
တိမ်တွေက မလှည့်စားတတ်ဘူး
လေတိုက်နှုန်းအတိုင်း ရွေ့လျှား
ပုံရိပ်တွေကို
ကိုယ်ယုံမှားနေတာပဲဖြစ်တယ်။

နောက်တစ်ချပ်ကို . .
ဒေါင့်ခွန် ပစ်မတဲ့ .. ကိုယ်မစားဖြစ်ခဲ့ဘူး။

No comments:

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *