Sunday, March 29, 2009

အ၀ါရင့်ရင့် နေ့ခင်းလေးတွေ

Share it Please

အေပရယ် ရောက်တော့မှာမို့
အရူးလုပ်ခံရဖို့ မျှော်မိတယ်

အချစ်ရဲ့
မင်း လက်ဖ၀ါးလေးဆီက လွင့်ထွက်သွားရတိုင်း
နွေခေါင်ခေါင် တစ်ရက်နေ့ပါပဲကွယ့်
အခုထိ ဟုတ်ယောင်ထင်မှု အစစ်တွေထဲက
မလွတ်မြောက်နိုင်သေးတဲ့အဖြစ်ရယ် . .

နံပါတ်တစ်ခုကို မှားခေါ်မိတယ်
ဒါဟာ ဘယ်တုံးကမှ မရယ်မောမိတဲ့ ဟာသအသစ်စက်စက်ပေါ့
စိတ်ကကွေးညွှတ်သွားတိုင်း
အတိတ်ကို ပြန်ကောက်ရဦးမလား တွေးသူအဖြစ်နဲ့
လိပ်စာရဲ့အဆုံး တစ်ဖက်မှာ မင်းအပြုံးတွေ ကိုယ်မမြင်ခဲ့ရဘူး

အညာခံရသူတဲ့ကွယ်
ကျောခိုင်းရာတိုင်းမှာ ရယ်သံတွေကြားရပြန်တယ်
စိန်ပန်းပင်တွေအောက်ဆီ
အိပ်မက်နဲ့ဖြတ်လျှောက်တိုင်း
ကိုယ်အခြောက်ခံရတဲ့ တစ္ဆေ။

No comments:

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *