စကားလက်ဆုံကျဖို့ရာ
အချိန်မရှိဘူး . . .
အရင်တုံးကအတွေးအခေါ်ဟောင်းတွေအတိုင်း
စိတ်ကူးတွေသိမ်းဆည်း . . .အိမ်အပြန်ကို
စက်ဘီးကယ်ရီယာ အလွတ်ကလေးနဲ့
ကိုယ့်ကိုယ်ကိုယ် သယ်ဆောင်ပြန်လာခဲ့။
သီချင်းခပ်ပြင်းပြင်း တွေ နားထောင်ဖို့လည်း ငြီးငွေ့နေမိတယ်
အဆင်သင့် ကော်ဖီတွေမရှိတဲ့အလုပ်စားပွဲထောင့်ဆီမှာ
အလွမ်းတွေလွင့်တက်နေတာမြင်ရမှာလား
မင်းမရှိတဲ့အခါ။
အဲသည့်အချိန်ဆို
ထမင်းစားခန်းဟာ ဘယ်တော့မှ
ထင်းမင်းစားခန်းတစ်ခုနဲ့မတူဘူး . . .
No comments:
Post a Comment